




PSLF/TNLA
«Zawgyi»
ယနေ့တစ်ရက်တည်း RCSS တပ်ဖွဲ့က တအာင်းတပ်မတော်အား ၃ နေရာ လာရောက်တိုက်ခိုက်

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်

ယနေ့တစ်ရက်တည်း RCSS တပ်ဖွဲ့က တအာင်းတပ်မတော်အား နမ္မတူမြို့နယ်၊ သီပေါမြို့နယ်နှင့် ကျောက်မဲမြို့နယ်တွင် ၃ နေရာ လာရောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

တအာင်းပြည်နယ်၊ တပ်မဟာ ၄ နယ်မြေ၊ နမ္မတူမြို့နယ်၊ ပန်ကွတ်ကျေးရွာတွင် နံနက်(၉း၄၅)နာရီမှ (၁၀း၁၀)နာရီအထိ တစ်ကြိမ်၊ တပ်မဟာ ၂ နယ်မြေ၊ သီပေါမြို့နယ်၊ ဆန်ငန်တောင်အောက်ဘက်၌ နေ့လည် (၁၅း၁၀)နာရီတွင် တစ်ကြိမ်နှင့် တပ်မဟာ ၃ နယ်မြေ၊ ကျောက်မဲမြို့နယ်၊ ပခါးကျေးရွာတွင် ညနေ(၁၆း၀၀)နာရီမှ (၁၆း၁၅)နာရီအထိ တစ်ကြိမ် ယနေ့ ဇန်နဝါရီလ ၁ ရက်နေ့ တစ်ရက်တည်း စုစုပေါင်း ၃ ကြိမ် လာရောက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင်လည်း RCSS တပ်ဖွဲ့က တအာင်းတပ်မတော်အား ၁၁ ကြိမ်တိတိ လာရောက် တိုက်ခိုက်ခဲ့ပြီး ယခု ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ၃ ကြိမ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
«Unicode»