ယနေ့တစ်ရက်တည်း မြန်မာ့စစ်တပ်မှ တအာင်းတပ်မတော်အား ၂ နေရာ ထိုးစစ်ဆင်တိုက်ခိုက်

(Zawgyi)

၂၀၂၀ခုနှစ်၊ ဇွန်လ၊ ၁၉ရက်
တအာင်းပြည်နယ် တပ်မဟာ ၁ နယ်မြေနှင့် တပ်မဟာ ၂ နယ်မြေ အတွင်း မြန်မာစစ်တပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ယနေ့ ဇွန်လ ၁၉ ရက်နေ့ တစ်ရက်တည်း တိုက်ပွဲ ၂ နေရာ ဖြစ်ပွါးခဲ့သည် ။
တပ်မဟာ ၁ နယ်မြေ၊ ကွတ်ခိုင်မြို့နယ်၊ ကျရမ်းကျေးရွာအောက်ဘက်၌ မြန်မာစစ်တပ် တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၁၃ က မွန်းလွဲပိုင်း ၂း၂၀ နာရီအချိန်တွင် တစ်ကြိမ်နှင့် တပ်မဟာ ၂ နယ်မြေ၊ မိုင်းလုံမြို့နယ်၊ ဟိုစန်းကျေးရွာအနီးမှာ မြန်မာ့စစ်တပ် လပခ/ခလရ-၁၄၈ က နံနက် ၆း၀၀ နာရီတွင် တစ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
ဇွန်လ ၁၈ ရက်နေ့တွင်လည်း တပ်မဟာ ၂ နယ်မြေ၊ မိုင်းလုံမြို့နယ်၊ ဟိုစန်းကျေးရွာအနီးတွင် မြန်မာ့စစ်တပ် လပခ/ခလရ-၁၄၈ က တအာင်းတပ်မတော်အား ထိုးစစ်ဆင်လာသဖြင့် ညနေ ၁၆း၅၅ နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

(Unicode)

ယနေ့တစ်ရက်တည်း မြန်မာ့စစ်တပ်မှ တအာင်းတပ်မတော်အား ၂ နေရာထိုးစစ်ဆင်တိုက်ခိုက်