
PSLF/TNLA
(Zawgyi)
ယမန်နေ့တွင် RCSS တပ်ဖွဲ့က တအာင်းတပ်မတော်အား ထပ်မံကျူးကျော်တိုက်ခိုက်
၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်
တအာင်းတပ်မတော် တပ်မဟာ (၂) စစ်ဒေသ ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာအနီးတွင် RCSS တပ်ဖွဲ့က တအာင်းတပ်မတော်အား ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ထပ်မံကျူးကျော် တိုက်ခိုက်ခဲ့ပါသည်။
RCSS တပ်ဖွဲ့ဘက်မှ တအာင်းတပ်မတော်တည်ရှိရာ ညောင်မောင်းကျေးရွာဘက်သို့ နယ်မြေကျူးကျော် ထိုးစစ်ဆင်တိုက်ခိုက်လာသဖြင့် ည(၂၀း၂၅)နာရီအချိန်တွင် တိုက်ပွဲစတင် ဖြစ်ပွားခဲ့သည်။
RCSS တပ်ဖွဲ့သည် တအာင်းတပ်မတော် လှုပ်ရှားရာနယ်မြေအတွင်း ကျူးကျော်တိုက်ခိုက်လာမှုကြောင့် ယခု ဇန်နဝါရီလတွင် တအာင်းတပ်မတော်နှင့် တိုက်ပွဲပေါင်း (၁၄) ကြိမ် ဖြစ်ပွားခဲ့သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
(Unicode)