မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆောင်ရွက်နေသော တအာင်းတပ်မတော်အား မြန်မာ့တပ်မတော်မှ လာရောက်တိုက်ခိုက်သဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွား

၂၀၁၅ ခုနှစ် သြဂုတ်လ ၁၀ ရက်

တအာင်းဒေသ၊ တပ်မဟာ(၃) နယ်မြေ၊ မန်တုံမြို့နယ်၊ ပန်ပတ်ကျေးရွာတွင် တအာင်းတပ်မတော် တပ်ရင်း(၇၆၅)မှ
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်နေစဉ် မြန်မာ့တပ်မတော် တပ်မ(၇၇)သည် မန်တုံမြို့ဖက်မှ
လာပြီး တအာင်းတပ်မတော် လှုပ်ရှားသည့် အဆိုပါဒေသသို့ ထိုးစစ်ဆင် ချီတက်လာရာ သြဂုတ်လ ၁၀ ရက်
နံနက် ၀၆း၃၀ မှ ၀၇း၀၀ နာရီအထိ မန်ပတ်ကျေးရွာအနီးတွင် နှစ်ဖက်အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲတွင် တအာင်းတပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှု မရှိပါ။ မြန်မာ့တပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှု ရှိသည်။
မြန်မာ့တပ်မတော်ထိခိုက်ကျဆုံးမှု အသေးစိတ်မသိရှိရသေးပါ။

တအာင်းတပ်မတော်မှ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုခြင်း၊ နိုင်ငံရေးမူဘောင်
ညှိနှိုင်းရေးဆွဲခြင်း၊ နိုင်ငံရေး ဆွေးနွေးပွဲများစတင်ခြင်း အစရှိသည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ
ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အတွက် မိမိကိုယ်ကို ခုခံကာကွယ်မှုများမှအပ နှစ်ဖက်ထိတွေ့
တိုက်ခိုက်မှုများကို အတတ်နိုင်ဆုံး ရှောင်ရှားလျော့ချသွားမည် ဖြစ်ကြောင်း ၆ ရက်၊ ဇူလိုင်လ၊
၂ဝ၁၅ ခုနှစ် သဘောထား ထုတ်ပြန်ချက်အမှတ် (၇§၂၀၁၅)ထုတ်ပြန်ကြေညာသည့်
နောက်ပိုင်းတွင် ယနေ့တိုက်ပွဲသည် ပထမဦးဆုံး ပြန်လည်ဖြစ်ပွားသည့် တိုက်ပွဲဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA