မိုင်းငေါ့မြို့နယ်ခွဲ တအာင်းတပ်မတော်နှင့် မြန်မာ့စစ်တပ်တို့  တိုက်ပွဲဖြစ်ပွား

၂၀၂၀ ခုနှစ် ဇန်နဝါရီလ၊ ၂၈ ရက်

   တအာင်းပြည်နယ်၊ တပ်မဟာ (၂) နယ်မြေ၊ ကျောက်မဲမြို့နယ် မိုင်ငေါ့မြို့နယ်ခွဲ လွယ်ဆေးတောင်အောက်ဘက်တွင် နေ့လည် (၁၁း၄၀)မိနစ်မှ (၁၂း၁၅) နာရီချိန်အထိ တအာင်းတပ်မတော်နှင့် မြန်မာစစ်တပ်  တပ်မ (၈၈)၊ ခမရ-၄၁၅ တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
  မြန်မာ့စစ်တပ် ကျောက်ဖြူရွာဘက်မှ လွယ်ဆေးတောင်ပေါ်ရှိ တအာင်းတပ်မတော်အား ထိုးစစ်ဆင် လာရောက် တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်။
PSLF/TNL
သတင်းနှင့်ပြန်ကြားရေးဌာန