နမ္မတူမြို့နယ်၊ မိုင်းမုကျေးရွာအနီးတွင် မဟာမိတ် PSLF/TNLA + SSPP/SSA နှင့် မြန်မာစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေစဉ်မြန်မာစစ်တပ်ဘက်မှ ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ကူပေးသည့်အပြင် အမြှောက်တပ်ပါ ပစ်ကူပေး

 ၂၀၁၉ ခုနှစ်၊ မတ်လ ၂၈  ရက်

ပူးတွဲစစ်ရေးလှုပ်ရှားရာနယ်မြေဖြစ်သည့် နမ္မတူမြို့နယ်၊ မိုင်းမုကျေးရွာအနီးတွင် နံနက်ပိုင်း ၀၇း၃၀ နာရီအချိန်တွင် နာရီမှ  ၁၀း၃၀ နာရီအချိန်ထိ မဟာမိတ်  PSLF/TNLA +SSPP/SSA နှင့် မြန်မာစစ်တပ်  တပ်မ ၁၀၁ လက်အောက်ခံ ခမရ ၂၅၉၊ ခမရ ၂၅၂ တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လားရှိုးမှ ရယာတ်ယာဉ် (၁) စီးဖြင့် လာရောက် ပစ်ကူပေးခဲ့သည့်အပြင် နမ္မတူမြို့နယ်တွင် အခြေစိုက်သည့် ခမရ ၃၂၄ မှလည်း ပန်သပြေကျေးရွာတွင်လည်းကောင်း၊ နမ့်တောင်ကုန်းပေါ်မှနေ၍လည်းကောင်း  မိုင်းမုကျေးရွာဘက်သို့ ဦးတည်ပြီး လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ခဲ့သည်။

မြန်မာစစ်တပ်၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံများ၏ နေအိမ် (၂) လုံး ထိမှန်၍ မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ရသည်။ မီးလောင်ဆုံးရှုံးမှု တန်ဖိုးမသိရသေးပေ။

၂၀၁၉ ခုနှစ်အတွင်းမှ မဟာမိတ်  PSLF/TNLA +SSPP/SSA နှင့် မြန်မာစ်တပ်တို့  နမ္မတူမြို့နယ်အတွင်း  တိုက်ပွဲပေါင်း( ၄ ) ကြိမ်ဖြစ်ပွားခဲ့ပြီးဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA