နမ့်ဆန်မြို့နယ်အတွင်း တအာင်းတပ်မတော် နှင့် မြန်မာစစ်တပ်တို့ ၃ ရက်ဆက် တိုက်ပွဲဖြစ်

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်
တအာင်းပြည်နယ်၊ တပ်မဟာ ၂ နယ်မြေ၊ နမ့်ဆန်မြို့နယ်၊ ၆၂ မိုင် နှင့် ကဒို့ခိုရွာကြားတွင် ယနေ့ နံနက် (၀၄း၄၀) နာရီအချိန်၌ တအာင်းတပ်မတော် နှင့် မြန်မာစစ်တပ် တပ်မ ၈၈၊ ခမရ ၄၁၅ တိုက်ပွဲဖြစ်ခဲ့သည်။
မြန်မာစစ်တပ်သည် ကဒို့ခိုရွာမှ ၆၂ မိုင်လမ်းအတိုင်း တအာင်းတပ်မတော် တည်ရှိရာသို့ ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်။
တိုက်ပွဲတွင် မြန်မာစစ်တပ်ဖက် ထိခိုက်ကျဆုံးမှုရှိပြီး ထိခိုက်ကျဆုံးမှုအသေးစိတ်မသိရသေးပါ။
နမ့်ဆန်မြို့နယ်အတွင်း တအာင်းတပ်မတော်နှင့် မြန်မာစစ်တပ် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားခြင်းလည်း ဖြစ်သည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း တအာင်းတပ်မတော် နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားမှု (၁၀) ကြိမ်အထိ ရှိပြီဖြစ်သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA