နမ့်ဆန်မြို့ပတ်ဝန်းကျင်ကျေးရွာသို့ ဦးတည်ပြီး လက်နက်ကြီး ၁၀ ကြိမ် ထက်မနည်း မြန်မာစစ်တပ် ပစ်ခတ်

၂၀၁၉ ခုနှစ်၊ မေလ ၂၀ ရက်

တအာင်းပြည်နယ်၊ နမ့်ဆန်မြို့ တပ်စခန်းနှင့် ပတ္တမြားစေတီဘုရား မှနေ၍ နမ့်ဆန်မြို့နယ် ပန်ကျရော့ရွာ၊ ဆိုဂျုံးခယ်ရွာ၊ ဇယန်းချယ်ရီရွာဖက်သို့ ဦးတည်ပြီး ယနေ့ နံနက် ၀၅း၃၀ နာရီအချိန်တွင်   မြန်မာစစ်တပ် က လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်း ရမ်းသန်း ပစ်ခတ်ခဲ့သည်။

လူ၊ တိရစ္ဆာန်၊ အဆောက်အဦး ထိခိုက်မှု ရှိမရှိ အသေးစိတ်မသိ ရသေးပါ။ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူလူထုများ လက်ဖက်ခင်း လုပ်ငန်းခွင်သို့လည်းကောင်း၊ နမ့်ဆန်မြို့သို့ ဈေးဝယ်လာရန်အတွက် လည်းကောင်း သွားလာရန် မ၀ံ့မရဲဖြစ်ရသည်။

မေလ ၁၆  ရက်နေ့တွင်လည်း မြန်မာစစ်တပ်က လက်နက်ကြီးများဖြင့် ထိုကျေးရွာသို့ ဦးတည်ပြီး ပစ်ခတ်ခဲ့သည်။

PSLF/TNLA

သတင်းနှင့်ပြန်ကြားရေးဌာန