တအာင်းဒေသသို့ ထိုးစစ်ဆင်လာသည့် မြန်မာ့တပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော်တို့ တိုက်ပွဲစတင်ဖြစ်ပွား

တအာင်းဒေသသို့ ထိုးစစ်ဆင်လာသည့် မြန်မာ့တပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော်တို့ တိုက်ပွဲစတင်ဖြစ်ပွား
၂၀၁၇ ခုနှစ် ဧပြီလ ၂၉ ရက်

တအာင်းဒေသ  တပ်မဟာ ၃ နယ်မြေ  ၊ နမ့်ခမ်းမြို့နယ်  ၊ လွယ်ဟွမ်ရွာနှင့် မိုင်းဝီးရွာကြားတွင် ယနေ့နံနက် ၀၈း၃၀ နာရီမှ ၀၉း၁၀ နာရီအချိန်ထိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း ၆၈၃ နှင့် မြန်မာ့တပ်မတော် တပ်မ ၈၈ တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
တပ်မ ၈၈ သည် လွန်ခဲ့သည့် ဧပြီလ ၂၅ ရက်ခန့်က တအာင်းဒေသသို့ ထပ်မံထိုးစစ်ဆင်တက်လာခြင်းဖြစ်ပြီး ယနေ့ ဧပြီလ ၂၉ ရက်နေ့၌ တအာင်းတပ်မတော်နှင့် တိုက်ပွဲ စတင်ဖြစ်ပွားခြင်းဖြစ်သည်။
တိုက်ပွဲအပြီးတွင် မြန်မာ့တပ်မတော်သည် မိုင်းဝီးကျေးရွာ တပ်စခန်းမှ လွယ်ဟွမ်ကျေးရွာဘက်သို့ ယခုအချိန်ထိ လက်နက်ကြီး အမြောက်အများ ပစ်ခတ်လျက်ရှိသည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူ၊ တိရစ္ဆာန်၊ အဆောက်အဦး ထိခိုက်မှုရှိမရှိ မသိရသေးပါ။

 

PSLF/TNLA

သတင်းနှင့်ပြန်ကြားရေးဌာန