တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် RCSS တို့ နမ္မတူမြို့နယ်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွား

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်

တအာင်းပြည်နယ်၊ တပ်မဟာ ၄ နယ်မြေ နမ္မတူမြို့နယ် မန်ဝါကျေးရွာအနီး ယနေ့ နံနက်ပိုင်း ၀၆း၃၀ နာရီမှ ၁၅း၃၀ နာရီအထိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် RCSS အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

RCSS တပ်ဖွဲ့မှ ဇွန်လ ၅ ရက်နေ့တွင်  နမ့်ဆန်မြို့နယ် အာရမ်းကျေးရွာအုပ်စု ဟိုနမ့်ကျေးရွာနေ သားအဖဖြစ်သူ ဦးဖိုးအုန်းနှင့် မိုင်းကျော်ငြိမ်း တို့နှစ်ဦးအား ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးခေါ်ဆောင်ပြီး မန်စံကျေးရွာအနီးတွင် သတ်ဖြတ်ခဲ့သည့်အပြင် ဒေသခံများ သွားလာသည့် လမ်းများ ပိတ်ဆို့တားဆီးစစ်ဆေးခြင်း၊ ဖမ်းဆီးညှင်းပမ်းနှိပ်စက်သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။

လွန်ခဲ့သည့် မတ်လ ၂၆ ရက်နေ့ တအာင်းတပ်မတော်နှင့် RCSS တို့ နမ္မတူမြို့နယ်၊ မန်မိုင်ကျေးရွာနှင့် နမ့်စလင်းကျေးရွာအထက်ဘက်တွင် နောက်ဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့တိုက်ပွဲသည် RCSS အဖွဲ့မှ ထိုးစစ်ပြန်လည်ဆင်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်။

PSLF/TNLA

သတင်းနှင့်ပြန်ကြားရေးဌာန