တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော် တိုက်ပွဲ ဖြစ်ပွား

တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော် တိုက်ပွဲ ဖြစ်ပွား

၂၀၁၇ ခုနှစ် ဇွန်လ ၆ ရက်

 

တအာင်းဒေသ တပ်မဟာ  ၁ နယ်မြေ၊ မန်တုံမြို့နယ်၊  ပန်ဝါကျေးရွာနှင့် မိုင်းတပ်ကျေးရွာကြားတွင် ယနေ့ နေ့လည် ၁၂း၀၀ နာရီမှ ၁၂း၅၀ နာရီအချိန်ထိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း ၈၇၆ နှင့် မြန်မာ့တပ်မတော် တပ်မ ၈၈ လက်အောက်ခံ ခလရ ၇၇ တို့နှစ်ဖက်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

မြန်မာ့တပ်မတော်သည် အင်အား ၁၀၀ ကျော်ဖြင့် တအာင်းတပ်မတော် လှုပ်ရှားရာ တောတွင်းသို့ ထိုးစစ်ဆင်လာရာမှ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားရခြင်းဖြစ်သည်။

တအာင်းဒေသအတွင်းသို့ ဇွန်လ ၄ ရက်နေ့တွင် မြန်မာ့တပ်မတော် စစ်ယာဉ်တန်း ၁၀၀ ကျော်ဖြင့် နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်မြို့နယ် အတွင်းသို့ ထပ်မံ ထိုးစစ်ဆင် အင်အား ဖြည့်ထားပြီး တအာင်းဒေသ အတွင်း တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်သည်။

 

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA