တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော် တိုက်ပွဲဆက်လက်ဖြစ်ပွား

တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော် တိုက်ပွဲဆက်လက်ဖြစ်ပွား
၂၀၁၇ ခုနှစ် ဇွန်လ ၂ ရက်

တအာင်းဒေသ၊ တပ်မဟာ ၅ နယ်မြေ၊ ကွတ်ခိုင်မြို့နယ်၊ မုံးဟွမ်ကျေးရွာအနီးတွင်ယနေ့ နံနက် ၀၅း၀၀ မှ ၀၆း၀၀ နာရီအထိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း ၈၁၈ နှင့် မြန်မာ့တပ်မတော် တပ်မ ၅၅ တို့နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်လာမှုကြောင့် တိုက်ပွဲ ဖြစ်ပွားရခြင်းဖြစ်သည်။

ဇွန်လ ၁ ရက်နေ့၌လည်း ထိုဒေသရှိ ကောင်းနိမ်ကျေးရွာနှင့် ကောင်းခမ်းကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA