တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော် တိုက်ပွဲ ဖြစ်ပွား

တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော် တိုက်ပွဲ ဖြစ်ပွား

၂၀၁၇ ခုနှစ် မေလ ၂၆ ရက်

တအာင်းဒေသ တပ်မဟာ ၄ နယ်မြေ နမ္မတူမြို့နယ် ကောင်းတင်ကျေးရွာနှင့် ပန်မော်ခံကျေးရွာကြားတွင် ယနေ့ ညနေ ၁၇း၄၅ နာရီမှ ည ၁၉း၀၀ နာရီအချိန်ထိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း ၁၈၉ နှင့် မြန်မာ့တပ်မတော် တပ်မ ၈၈ တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တအာင်းတပ်မတော် ရှိရာ တောတွင်းသို့ တပ်မ ၈၈ လာရောက်တိုက်ခိုက်ရာမှ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်သည်။

 

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA