တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တိုက်ပွဲဆက်လက်ဖြစ်ပွား

တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တိုက်ပွဲဆက်လက်ဖြစ်ပွား

၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်

 

တအာင်းဒေသ၊ တပ်မဟာ ၃ နယ်မြေ၊ မန်တုံမြို့နယ်၊ ကုန်းမုံ-ကုန်းညောင်ကျေးရွာအနီးတွင် ယနေ့ညနေ ၁၅း၃၀ နာရီမှ ၁၆း၀၀ နာရီအချိန်ထိ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တပ်ရင်း ၇၇၃/၉၉၉ နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

နိုဝင်ဘာလ ၂၃ ရက်နေ့၌ ထိုဒေသတွင် တအာင်းတပ်မတော်မှ RCSS တပ်ဖွဲ့ကျူးကျော် စခန်းများအား ရှင်းလင်းနိုင်ခဲ့ပြီးသည့်နောက် မြန်မာ့တပ်မတော် တပ်ရင်း ၂ ရင်းဖြင့် ထိုးစစ်ဆင်လာခဲ့ရာ နှစ်ဖက်ထိတွေ့တိုက်ခိုက်မှု နေ့စဉ် ဖြစ်ပွားခဲ့သည်။

ယနေ့နေ့လည်၁၂း၀၀ နာရီအချိန်ခန့်တွင် အစောပိုင်းတွင်လည်း  မြန်မာ့တပ်မတော်သည် နမ့်ဟိုင်း တပ်စခန်းမှ ပတ်ဝန်းကျင်ကျေးရွာသို့ အကြောင်းမဲ့ လက်နက်ကြီး (၁၀၅) မမ ဖြင့် ကျေးရွာများ ၀န်းကျင်သို့ ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်။ လူ၊ တိရစ္ဆာန်နှင့် အဆောက်အဦး ထိခိုက်မှုရှိမရှိ မသိရသေးပါ။

 

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA