တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော် တိုက်ပွဲပိုမိုပြင်းထန်

၂၀၁၅ ခုနှစ် မေလ ၁၁ ရက်

တအာင်းတပ်မတော် အမှတ် (၆) အခြေချ ဗျူဟာနယ်မြေ သိန်းနီမြို့နယ်၊ နားတီးရွာနှင့် မြောက်ဇီကျေးရွာကြားတွင် မေလ ၁၀ ရက်နေ့ ည ၂၁း၁၀ မှ ၂၂း၂၀ နာရီအထိ တအာင်းတပ်မတော် ဗျူဟာ (၆) နယ်မြေဖက်သို့ ထိုးစစ်ဆင် တက်လာသည့် မြန်မာ့တပ်မတော်နှင့် တအာင်းတပ်မတော် တပ်ရင်း (၆၆၁) တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့သည်။

တိုက်ပွဲတွင် တအာင်းတပ်မတော် ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။ တအာင်းတပ်မတော် ပစ်ခတ်လိုက်သော ပခုံးထမ်းလောင်ချာထိမှန်၍ မြန်မာ့တပ်မတော်ဖက်မှ စစ်သည်တော်များတင်ဆောင် လာသည့် စစ်မော်တော်ယာဉ် (၄) စီး ထိမှန်ပျက်စီးပြီး အကျအဆုံး ရှိခဲ့သည်။

ထိုဒေသတွင် မြန်မာ့တပ်မတော်မှ စစ်သည်တော်များနှင့် အမြောက်တင်ဆောင်လာသည့် စစ်ယာဉ် (၇၀) စီးကျော် တက်လာရာ တိုက်ပွဲအပြီးတွင် (၂၀) စီးမှာ ကွမ်းလုံလမ်းအတိုင်း ဆက်လက်ချီတက်နေပြီး (၄၀)စီးမှာ သိန်းနီဖက်သို့ လာရာလမ်းကြောင်းအတိုင်း နောက်ကြောင်းပြန်လှည့်ခဲ့သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

+++++++++++++++++++++++++++++++++++++++++++++

တိုက်ပွဲ Update သတင်း ၂၀၁၅ ခုနှစ် မေလ ၁၂ ရက်

တအာင်းတပ်မတော် အမှတ် (၆) အခြေချ ဗျူဟာနယ်မြေ သိန်းနီမြို့နယ်၊ နားတီးရွာနှင့် မြောက်ဇီကျေးရွာကြားတွင် မေလ ၁၀ ရက်နေ့ ည ၂၁း၁၀ မှ ၂၂း၂၀ နာရီအထိ  မြန်မာ့တပ်မတော်နှင့် တအာင်းတပ်မတော် တပ်ရင်း (၆၆၁) တို့ တိုက်ပွဲတွင် မြန်မာ့တပ်မတော်ဖက်မှ (၂၀)ဦးကျဆုံးပြီး (၁၇)ဦးထက်မနည်း ဒဏ်ရာရရှိသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA