တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲပြန်လည်ဖြစ်ပွား

၂၀၁၅ ခုနှစ် ဧပြီလ ၇ ရက်

တအာင်းဒေသ တပ်မဟာ (၂) နယ်မြေ ကျောက်မဲမြို့နယ်၊ ပန်ဆန်းရွာနှင့် ဟူးကွက်ကျေးရွာကြားတွင် ယနေ့ ဧပြီလ ၇ ရက် နံနက် ၀၆း၄၅ နာရီ အချိန်တွင် တအာင်းတပ်မတော် တပ်ရင်း (၉၈၇) နှင့် မြန်မာ့တပ်မတော် တပ်မ (၇၇) တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲတွင် တအာင်းတပ်မတော် ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှုမသိရှိရသေးပါ။

တအာင်းတပ်မတော် လှုပ်ရှားနေသည့် တောင်ကုန်းဘက်သို့ မြန်မာ့တပ်မတော် ထိုးစစ်ဆင် ချီတက်ရာမှ နှစ်ဖက်နှစ်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားရခြင်းဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA