တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ ယနေ့တိုက်ပွဲ ၂ ကြိမ် ထပ်မံဖြစ်ပွား

တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ ယနေ့တိုက်ပွဲ ၂ ကြိမ် ထပ်မံဖြစ်ပွား
၂၀၁၇ ခုနှစ် ဧပြီလ ၃၀ ရက်နေ့

တအာင်းဒေသ တပ်မဟာ ၄ နယ်မြေ မန်တုံမြို့နယ်နှင့် တပ်မဟာ(၅)နယ်မြေ ကွတ်ခိုင်မြို့နယ်တို့တွင် ယနေ့တစ်ရက်တည်း၌ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ၂ ကြိမ်ထပ်မံဖြစ်ပွားခဲ့သည်။
နံနက် ၁၀း၄၅ နာရီအချိန်မှ ၁၁း၀၅ နာရီအချိန်ထိ တအာင်းတပ်မတော်တပ်ရင်း (၁၁၂) နှင့် မြန်မာ့တပ်မတော် တပ်မ(၈၈)တို့ တပ်မဟာ ၅ နယ်မြေ ကွတ်ခိုင်မြို့နယ် နမ့်ရီးရွာ အနီးတွင် တစ်ကြိမ်၊ ညနေ ၁၅း၁၀ နာရီအချိန်မှ ၁၅း၃၅ နာရီအချိန်ထိ တအာင်းတပ်မတော် တပ်ရင်း ၈၇၆ နှင့် မြန်မာ့တပ်မတော် တပ်မ(၈၈) တို့ တပ်မဟာ ၄ နယ်မြေ မန်တုံမြို့နယ် မန်ပုင်ကျေးရွာ အနီးတွင် တစ်ကြိမ် တိုပ်ပွဲဖြစ်ပွားခဲ့ပါသည်။
မြန်မာ့တပ်မတော်တပ်မ ၈၈ ရောက်ရှိလာပြီး နမ့်ခမ်းမြို့နယ်၊ မန်တုံမြို့နယ်၊ မူဆယ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ် တို့၌ တအာင်းတပ်မတော် လှုပ်ရှားရာ တောတွင်းအထိ ထိုးစစ်ဆင် ပြုလုပ်လာသဖြင့် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားရခြင်းဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA