တအာင်းတပ်မတော်နှင့်မြန်မာ့တပ်မတော်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွား

၂၀၁၇ ခုနှစ် ဇွန်လ ၂၆ ရက်
တအာင်းဒေသ၊ တပ်မဟာ(၂)နယ်မြေ၊နမ့်ဆန်မြို့နယ်၊လန်လွယ်ကျေးရွာနှင့် လွယ်ပန်ကျေးရွာကြားတွင် ယနေ့ နံနက်(၈း၅၅)နာရီအချိန်တွင် တအာင်းတပ်မတော် တပ်ရင်း(၉၈၇)နှင့် မြန်မာ့တပ်မတော် ခလရ(၅၀၂)တို့  တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထို့အပြင် တပ်မဟာ(၄)နယ်မြေ၊နမ္မတူမြို့နယ်၊ မာန်ဖိုင်ကျေးရွာနှင့် နမ့်လင်းကျေးရွာကြားတွင်လည်း ယနေ့ နေ့လည်(၁၂း၁၀)နာရီမှ(၁၂း၂၀)နာရီအချိန်ထိ တအာင်းတပ်မတော် တပ်ရင်း(၅၉၃)နှင့် RCSS/SSA တောင်ပိုင်းတို့လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။
ယမန်နေ့ မွန်းလွှဲပိုင်း (၁၃း၃၀)တွင်စတင်ပြီး မြို့သစ်ရွာအနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲသည် ယနေ့နံနက် (၂း၃၀)အထိ ဆက်လက်ဖြစ်ပွားခဲ့ပြီး ယခုသတင်းရေးသားတင်ပြနေသည့်အချိန်အထိ စစ်ရေးတင်းမာလျက်ရှိသည်။
ယခုရက်ပိုင်းအတွင်း မြန်မာတပ်မတော်မှ တအာင်းဒေသသို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာနေသည့်အတွက် တိုက်ပွဲဖြစ်ပွားနေရခြင်းဖြစ်ပြီး ဆက်လက်၍လည်း တိုက်ပွဲများ ပြင်းထန်လာရန်ရှိနေပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA