တအန်းတပ်မတော် TNLA ကွတ်ခိုင်လှုပ်ရှားစစ်ကြောင်းမှ မြန်မာစစ်တပ် အရာရှိတစ်ဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိ

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်

 

တအန်းပြည်နယ်၊ တပ်မဟာ ၅နယ်မြေ၊ ကွတ်ခိုင်မြို့နယ်၊ မန်ပန်ကျေးရွာအနီးတွင် နိုဝင်ဘာလ ၂၀ ရက် နံနက် ၀၃း၃၀ နာရီအချိန် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ တပ်မဟာ ၅ မှ တပ်ရင်း ၂၂၃ ၏ လှုပ်ရှားစစ်ကြောင်းမှ နမ့်ဟူကျေးရွာနှင့် မန်ပန်ကျေးရွာကြား ကားလမ်းပေါ်တွင် မသင်္ကာဖွယ် ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ ကွတ်ခိုင်အခြေစိုက် စစ်ဗျူဟာ ခလရ (၄၅) မှ ဗိုလ်ကြီး အဆင့်ရှိသူ ချမ်းမြေ့ထွန်းကို MA- 3, 5.56 MM လက်နက်အမျိုးအစားတစ်လက်၊ ကျည် (၁၄၁) ခုပါ ကျည်ဘောက် (၃) ခု၊ M-5, 9 MM အမျိုးအစားလက်နက်ငယ်တစ်လက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

လက်နက်နှင့်အတူ ဖမ်းဆီးရမိသည့် မြန်မာစစ်တပ် ကွတ်ခိုင်အခြေစိုက် စစ်ဗျူဟာ ခလရ (၄၅) မှ ဗိုလ်ကြီးချမ်းမြေ့ထွန်းအား ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။

 

PSLF/TNLA

သတင်းနှင့်ပြန်ကြားရေးဌာန