တအန်းတပ်မတော်နှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲပြန်လည်ဖြစ်ပွား

၂၀၁၇ခုနှစ် စက်တင်ဘာလ ၁၁ ရက်

တအန်းပြည်နယ်၊ တပ်မဟာ(၂)နယ်မြေ၊ ကျောက်မဲမြို့နယ်၊ လွယ်ခလေးကျေးရွာအထက်ဖက်တွင် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း ၉၈၇ နှင့် မြန်မာ့တပ်မတော် တပ်မ(၇၇)တို့ ယနေ့နံနက်ပိုင်း (၀၉း၁၅)နာရီမှ (၁၀း၂၅)ထိ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
သြဂုတ်လ ၁၈ ရက်နေ့နောက်ပိုင်းနှစ်ဖက်ထိတွေ့တိုက်ခိုက်မှု မရှိတော့ဘဲ ယနေ့ နံနက်ပိုင်းတွင် မြန်မာ့တပ်မတော်မှ အင်အား ၁၀၀ ခန့်ဖြင့် တအန်းတပ်မတော် ရှိရာ လွယ်ခလေးရွာအထက်ဖက် တောင်ကြောပေါ်တွင် ထိုးစစ်ဆင်တက်လာမှုကြောင့် နှစ်ဖက်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားရခြင်းဖြစ်သည်။
တိုက်ပွဲပြီးဆုံးသွားပြီဖြစ်သော်လည်း မြန်မာ့တပ်မတော်သည် လက်နက်ကြီးများဖြင့် လွယ်ခလေးရွာ ဝန်းကျင်သို့ ညမိုးချုပ်သည့်အထိ ရမ်းသန်းပစ်ခတ်ဆဲဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA