တအန်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့တိုက်ပွဲဖြစ်ပွား

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၇ရက်

တအန်းပြည်နယ် ကွတ်ခိုင်မြို့နယ်ကျောင်းပိုင်းကျေးရွာအရှေ့ဘက် တောင်ကုန်းတွင် တအန်း တပ်မတော်တပ်ရင်း (၂၂၃)နှင့် တာမိုးညဲအခြေစိုက် မြန်မာ့တပ်မတော် ခလရ(၂၉၀)တို့(၁၄:၄၇)နာရီမှ (၁၆:၀၀)နာရီထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။

တာမိုးညဲအခြေစိုက် မြန်မာ့တပ်မတော် ခလရ(၂၉၀) သည် တအန်းတပ်မတော် တည်ရှိရာသို့ ထိုးစစ်ဆင်လာရာမှ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယခု ဖေဖော်ဝါရီလအတွင်း တအန်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ ထိတွေ့တိုက်ခိုက်မှု ၁၃ ကြိမ်ရှိပြီး ဖြစ်သည်။

PSLF/TNLA
သတင်းနှင့် ပြန်ကြားရေးဌာန