ကွတ်ခိုင်တွင်တအာင်းတပ်မတော်နှင့် မြန်မာ့စစ်တပ်တို့ တိုက်ပွဲဆက်တိုက်ဖြစ်ပွား

မေလ ၁ ရက် ၂၀၁၅ ခု

မေလ ၁ ရက်နေ့ နံနက်ပိုင်း ၁၂း၃၀ခန့်တွင် တအာင်းတပ်မတော် တပ်မဟာ(၁) ကွကပ်ကဲမှုအောက်ရှိ တပ်ဖွဲ့တို့နှင့် မြန်မာစစ်ကြောင်း တို့သည် တအာင်းဒေသ၊ ကွတ်ခိုင်မြို့နယ်၊ ပိန်းဟွေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာ့တပ်ဖွဲ့မှ ဘက်မှ ထိခိုက်ကျဆုံးမှု များရှိကြောင်း သိရသည်။

မေလ ၁ ရက်နေ့ နံနက်ပိုင်း ၁၂း၀၀ မှ ၀၁း၃၀ အကြား ကွတ်ခိုင်မြို့အ၀င် မန်ပန်ရွာ အနီးတွင် တစ်ကြိမ်၊ နမ့်ကွတ်တံတားအနီးတွင် တစ်ကြိမ် တအာင်း တပ်မတော် တပ်ရင်း (၂၂၃)နှင့် ကွတ်ခိုင် အခြေစိုက် မြန်မာ့တပ်မတော် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိခိုက်မှုအခြေအနေအသေးစိတ်များ မသိရှိ ရသေးပါ။

ထို့အပြင် နံနက်ပိုင်း ၀၁း၀၀မှ ၀၂း၀၀ နာရီ အကြားတွင်လည်း သိန်းနီမြို့နယ် နားတီးကျေးရွာနှင့် ကောင်းခမ်းရွာအကြားတွင်လည်း တအာင်းတပ်မတော် အမှတ် (၆) စစ်ဗျူဟာကွပ်ကဲမှုအောက်ရှိ TNLA တပ်ရင်း (၆၆၁)နှင့် ကွမ်းလုံလမ်း လုံခြုံရေးတပ် မြန်မာတပ်တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA