ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF/TNLA နှစ်သစ်ကူး သ၀ဏ်လွှာ

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF/TNLA နှစ်သစ်ကူး သ၀ဏ်လွှာ
၂၀၁၅ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်

၁။    ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်တွင် တအာင်း လူမျိုးတို့၏ နှစ်သစ်အခါသမယဖြစ်၍ နှစ်ဟောင်းမှ အညစ်အကြေးများ ပဋိပက္ခများ၊ စိုးရိမ်ကြောက်ကြမှုများ၊ ဒုက္ခအထွေထွေ အဖုံဖုံတို့ကို မေ့ပျောက်၍ တအာင်းခုနှစ် (၂၇၀၆) ခုနှစ်နှစ်ဟောင်းမှ (၂၇၀၇) ခုနှစ် နှစ်သစ်သို့ ကူးပြောင်းသွားသည့် နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။ တအာင်းတစ်မျိုးသားလုံးအတွက် မင်္ဂလာရှိသော နှစ်သစ် နှင့်အတူ အမြင်သစ်၊ အတွေးသစ် ခြေလှမ်းသစ်များ သယ်ဆောင်ပြီး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပြီး တအာင်းပြည်နယ်နှင့် တအာင်းလူမျိုးတို့အတွက် ဆထက်ထမ်းပိုး အတူလက်တွဲ လုပ်ဆောင်နိုင်ပါစေကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) မှ ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

၂။    တအာင်းလူမျိုးတို့သည် လူမျိုးကြီးတစ်မျိုးဖြစ်၍ ရှေးနှစ်ပေါင်းများစွာ ကတည်းက အစဉ်အလာ ကြီးမားပြီး မွန်ဂိုလွိုက်-လူမျိုးနွယ်စုကြီးမှ မွန်ခမာမျိုးနွယ်စုဖြစ်သော တအာင်းလူမျိုးတို့သည် တရုတ်ပြည် ယန်စီကျန်းမှ အခြေချပြီး စစ်ဘေး စစ်ဒဏ် ကြောင့် ပြောင်းရွှေ့လာခဲ့ရာ ရွှေလီမြစ်၊ တာပိန်မြစ်နှင့် မဲခေါင်မြစ်ဝှမ်း ဒေသများတွင် အခြေချ နေထိုင် လာခဲ့ကြသည်။ တအာင်းလူမျိုးသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ကျော်ခန့်က  မြန်မာနိုင်ငံအတွင်းသို့ အစောဆုံး ၀င်ရောက်အခြေချ နေထိုင် လာခဲ့သည့် လူမျိုး ဖြစ်သည်။ အမျိုးသားရေး ၀ိသေသလက္ခဏာများနှင့် ပြည့်စုံပြီး နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ တာမိုးညဲ၊ လာရှိုး၊ သီပေါ၊ နမ္မတူ၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊ မိုင်းလုံ၊ မိုင်းရှူး၊ တန့်ယန်း၊ ကုန်းကြမ်း၊ မိုင်းကိုင်၊ ကလောနှင့် ကျိုင်းတုံ အစရှိသော မြို့နယ်များကို ယခုထိတိုင် နေထိုင်လျှက်ရှိပါသည်။

၃။    တအာင်းလူမျိုးတို့သည် ကတူရ်၊ ကွမ်းဟယ်၊ တောင်မ၊ ရူမိုင်း၊ ရူစိင်၊ ရူကော၊ ရူဂွါင်၊ ရူခ်ုရ်၊ ထဲဝ်ရာည်(ရူပိုး)၊ ရူမိုင်း၊ ရူမာဝ်၊ ရူလောင်၊ ရူလျဲင်၊ ရူနာ့်၊ ရူဘြာင်၊ ငွံရ်ရောတ်၊ ပန်နိမ် စသည့်မျိုးနွယ်စုများစွာ ရှိသော်လည်း ဘာသာစကား စာပေနှင့် ဓလေ့ထုံးတမ်း ယဉ်ကျေးမှုတို့မှာ အတူတူပင် ဖြစ်ပါသည်။ တအာင်းလူမျိုးတို့သည် အေးချမ်းစွာ တောင်တန်းနှင့် ကုန်းပြင် မြင့်များတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း အုပ်ချုပ်သူ အဆက်ဆက်တို့၏ ဖိနှိပ်ချုပ်ခြယ်မှု ကြီးမားခြင်း အစရှိသည့် အချက်များတို့ကြောင့် ဘာသာစကားများမှာ နေရာဒေသနှင့် မျိုးနွယ်အလိုက် အနည်းငယ်ကွဲပြားခဲ့သည်။ သို့သော် အချင်းချင်း ဆက်သွယ်၍ မရနိုင်လောက်အောင် ကွဲပြားခြားနားခြင်းမရှိချေ။

၎။    မင်္ဂလာနှစ်သစ်မှ လူမျိုးအကျိုး၊ သာသနာ့အကျိုး ထမ်းဆောင်ရင်း တအာင်းတစ်မျိုးသားလုံး မျှော်လင့် တောင့်တ နေသော အဖိနှိပ်ခံဘ၀မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိုအာမခံသည့် တအာင်းပြည်နယ် တည်ဆောက်ရေး၊ ကိုယ့်ကံကြမ္မာကို ဖန်တီးနိုင်သည့် အမျိုးသားတန်းတူညီမျှမှု ရရှိရေး အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဒီမိုကရက် တစ် ပြည်ထောင်စု တည်ဆောက်ရေးနှင့်အတူ ပိုမိုစည်းလုံးညီညွတ်စွာ ထမ်းဆောင်နိုင်ပါစေကြောင်း မိမိတို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) မှ တအာင်းမိဘပြည်သူများ အားလုံးအတွက် နှစ်သစ်ကူး သ၀ဏ်လွှာ ဆက်သအပ် ပါသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မီတီ
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (P.S.L.F)
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (T.N.L.A)

 

42 ESpfajrmuf (yavmif) wtmif; trsKd;om;awmfvSefa&;ae@

မူရင်း PDF ဖိုင်ကို ဤနေရာတွင်PSLF-TNLA Facilitation Letter to Ta-ang New Year ဒေါင်းလော့ယူနိုင်ပါသည်။