ယနေ့တအန်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တစ်နေရာတည်းတွင် တိုက်ပွဲ ၂ ကြိမ်ထပ်မံဖြစ်ပွား

ယနေ့တအန်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တစ်နေရာတည်းတွင် တိုက်ပွဲ ၂ ကြိမ်ထပ်မံဖြစ်ပွား

၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၁ ရက်

 

တအန်းပြည်​နယ်​၊ တပ်​မဟာ ၁ နယ်​​မြေ၊ နမ္မတူမြို့နယ်​ ဟိုနားကျေးရွာအထက်​တွင်​ တအန်းအမျိုးသားလွတ်​​မြောက်​​ရေးတပ်​မ​တော်​ TNLA တပ်​ရင်း (၈၇၆) နှင့်​ မြန်​မာ့တပ်​မ​တော်​ တပ်​မ( ၈၈) ခလရ (၁၀)တို့ ယ​နေ့ နံနက်​ပိုင်း ၁၀း၀၅ နာရီမှ ၁၁း၃၀ နာရီထိ တစ်ကြိမ်၊ မွန်းလွှဲပိုင်း ၁၃း၅၀ နာရီမှ ၁၄း၃၀ နာရီထိ တစ်ကြိမ် တစ်နေရာတည်းတွင် ရင်​ဆိုင်​ တိုက်​ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့သည်​။

တိုက်ပွဲပြီးခဲ့သော်လည်း မြန်မာ့တပ်မတော်ဖက် အထိနာသဖြင့် ကျေးရွာများဘက်​သို့ ဦးတည်ပြီး လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်မှု ပြုလုပ်ခဲ့သည်။ ကျေးရွာအတွင်းရှိ လူ၊ လူနေအိမ်၊ တိရိစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှု ရှိ/မရှိ မသိရသေးပါ။

မြန်မာ့တပ်မတော၏ ထိုးစစ်ဆင်ပိုမိုပြုလုပ်လာမှုကြောင့် စက်တင်ဘာလ ၁၁ ရက်နေ့မှ ယနေ့ စက်တင်ဘာ ၂၁ ရက်နေ့အထိ နှစ်ဖက်ထိတွေ့ တိုက်ခိုက်မှု ၁၀ ကြိမ် ရှိပြီး ဖြစ်သည်။

 

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA