တအာင်းဒေသအတွင်း လောင်းကစားခြင်းဆိုင်ရာ အမိန့်ကြေငြာစာ

အမိန့်ကြေငြာစာအမှတ် ၃/၂၀၁၅
ရက်စွဲ။   ။ ၀၉ ရက်၊ ဇူလိုင်လ၊ ၂၀၁၅ ခုနှစ်။

၁။ တအာင်းဒေသအတွင်း အများပြည်သူ အသက်အိုးအိမ်စောင့်ရှောက်ရန် ၊  ရပ်ရွာအေးချမ်းသာယာစေရန်နှင့်
တရားဥပဒေစိုးမိုးစေရန် ဤလောင်းကစားခြင်းဆိုင်ရာအမိန့်ကို ထုတ်ပြန်လိုက်သည်။

၂။ ငွေကြေးဖြင့်သော်လည်းကောင်း၊ တန်းဖိုးရှိသောပစ္စည်းတစ်ခုခုကိုသော်လည်းကောင်း အသုံးပြု၍
ဘောလုံး ပွဲ၊ ယိုးဒယား – နှစ်လုံးထီ၊ သုံးလုံးထီ၊ ဖဲချပ်၊ ဖဲတုံး၊ (၃၆)ကောင်၊ (၄)ကောင်ဂျင်၊
(၆)ကောင်ဂျင်  စသည့် လောင်းကစားခြင်း အမျိုးမျိုးကို လုံးဝ(လုံးဝ) ကစားခွင့်မပြု ။

၃။ အထက်ပါလောင်းကစားခြင်း တစ်ခုခုကို  ဖောက်ဖျက်ကျူးလွန်ပါက ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေး
တပ်ဦး – PSLF ၏ တည်ဆဲဥပဒေဖြင့် အပြစ်ပေး အရေးယူမည်ဖြစ်ကြောင်း နှင့် ဤအမိန့်  ထုတ်ပြန်သည့်နေ့မှ
စ၍ အမိန့်သက်ရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

အမိန့်အရ –
တားအိုမ်တမာဝ်း
ဗဟိုအထွေထွေအုပ်ချုပ်ရေးမှူး
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-P.S.L.F

PSLF’s Order to banned gambling in Ta’ang land
PSLF’s Order to banned gambling in Ta’ang land
မူရင်း အမိန့်ကြေညာချက် PDF ဖိုင်ကို ဤနေရာတွင်PSLF’s Order to banned gambling in Ta’ang land ဒေါင်းလော့ယူနိုင်ပါသည်။