တအာင်းတပ်မတော်နှင့် RCSS တပ်ဖွဲ့ တစ်ကျော့ တိုက်ပွဲ ပြန်လည်ဖြစ်ပွား

 

တအာင်းတပ်မတော်နှင့် RCSS တပ်ဖွဲ့ တစ်ကျော့ တိုက်ပွဲ ပြန်လည်ဖြစ်ပွား
၂၀၁၇ ခုနှစ် မေလ ၁၃ ရက်

တအာင်းဒေသ တပ်မဟာ ၂ နယ်မြေ ကျောက်မဲမြို့နယ် ခွန်ကော် ကျေးရွာတွင် ယနေ့ မေလ ၁၃ ရက်နေ့ နံနက် ၀၅း၂၀ နာရီမှ ၀၆း၂၀ နာရီအချိန်ထိ တအာင်းအမျိုးသားလွတ်မြောက်ရေးတ်မတော် TNLA တပ်ရင်း ၂၅၆ နှင့် RCSS တပ်ဖွဲ့တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင် RCSS တပ်ဖွဲ့ မှ ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်ကာ တားကျော်ခိုင်၊ တားအိုက်နာန်း၊ ယားအေလာ တို့၏နေအိမ် ထိမှန်ခဲ့ပြီး အသက် ၆၀ နှစ်ရွယ် ယားအေလာ ပေါင်နှင့် မြေးဖြစ်သူ အသက် ၆ နှစ်အရွယ် မိုင်းအောင်ရဲလင်း မျက်နှာနှင့် နားရွက်တို့ လက်နက်ကြီးအစ ထိမှန်ဒဏ်ရာရရှိခဲ့သည်။
RCSS တပ်ဖွဲ့သည် တအာင်း နယ်မြေအတွင်း ပြန်လည်ကျူးကျော် ၀င်ရောက်လာရာမှ နှစ်ဖက် တိုက်ပွဲ ပြန်လည်ဖြစ်ပွားရခြင်း ဖြစ်သည်။
တအာင်းတပ်မတော်နှင့် RCSS တပ်ဖွဲ့သည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် နောက်ဆုံးအကြိမ် ထိတွေ့ တိုက်ခိုက်မှု ဖြစ်ပြီး ယနေ့ မေလ ၁၃ ရက်နေ့တွင် တစ်ကျော့ ပြန်လည် ထိတွေ့ တိုက်ခိုက်မှု ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA