တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော် တိုက်ပွဲဆက်လက်ဖြစ်ပွား

တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော် တိုက်ပွဲဆက်လက်ဖြစ်ပွား

၂၀၁၇ ခုနှစ် မေလ ၁၃ ရက်

 

တအာင်းဒေသ တပ်မဟာ ၁ နယ်မြေ မန်တုံမြို့နယ် မဝေါင်းရွာနှင့် ပန်နင်းကျေးရွာကြားတွင် ယနေ့ နေ့လည် ၁၂း၃၀ နာရီမှ ၁၇း၀၀ နာရီအထိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း ၄၇၈ နှင့် မြန်မာ့တပ်မတော် တပ်မ ၈၈ တို့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့သည်။

မြန်မာ့တပ်မတော်၏ တအာင်းဒေသသို့ ထိုးစစ်ဆင်လာမှုကြောင့် ယနေ့ မေလ ၁၃ ရက်နေ့ အထိ နှစ်ဖက်ထိတွေ့တိုက်ခိုက်မှု ၂၇ ကြိမ်ရှိပြီးဖြစ်သည်။

 

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA