တအာင်းတပ်မတော်မှ ပြည်သူ့စစ်ထံ မူးယစ်ဆေးဝါးနှင့် လက်နက်ငယ်များသိမ်းဆည်းရမိ

၂၀၁၅ ခုနှစ် ဧပြီလ ၁၈ ရက်

သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးနှင့် လက်နက်ငယ်များပုံ

တအာင်းတပ်မတော်မှ တအာင်းဒေသ အတွင်းမူးယစ်ဆေးဝါး ပပျောက်ရေးအတွက် စဉ်ဆက်မပျက် ဆောင်ရွက်လျှက်ရှိရာ နမ့်ခမ်းမြို့နယ်၊ နမ့်ခမ်း -နမ့်ဖတ်ကာ လမ်းဘေနံဘေး (၁၂)မိုင်နှင့်(၁၃)မိုင် အကြား ပန်းဆေးပြည်သူ့စစ် လက်အောက်ခံ၊ လွယ်လွမ်ဌာနေ ပြည်သူ့စစ် အဖွဲ့မှ လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းအရ ဧပြီ ၁၇ ရက်နေ့ နံနက် ၀၂း၃၀ နာရီ အချိန်တွင်၊ တအာင်းတပ်မတော် တပ်မဟာ(၁) တပ်ဖွဲ့နှင့် တပ်ရင်း (၅၇၁)ပူးပေါင်းအဖွဲ့တို့မှ အဆိုပါစခန်းအား ၀င်ရောက် ရှာဖွေစစ်ဆေးရာ ပြည်သူ့စစ်အဖွဲ့မှ စတင်ခုခံ ပစ်ခတ် တိုက်ခိုက်သဖြင့် နှစ်ဖက်အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ ၀၄း၃၀ နာရီတွင် ပြည်သူ့စစ်အဖွဲ့မှ ဆုတ်ခွာသွားသည်။

တအာင်းတပ်မတ်ေမှ စခန်းအား ၀င်ရောက်စစ်ဆေးရာ ဘိန်းမဲ (၁၀) ပိဿာ၊ ယာမဆေးပြား (၁၄၂၀၀၀)ပြား ဆပ်ပြာခွက်ဖြင့် ထည့်ထားသော ဘိန်းဖြူ(၁)ခွက် ကာလတန်ဖိုး စုစုပေါင်း (၃,၆၈,၅၀,၀၀၀)ကျပ်နှင့် လက်ကိုင်စကားပြောစက်(၁)လုံး၊ လက်နက်ငယ် M22(1) လက် M16(၁) လက်တို့ သိမ်းဆည်းရမိသည်။ အပြန်အလှန် ပစ်ခတ်မှုကြောင့် ပြည်သူ့စစ်ဖက်မှ (၄) ဦးကျဆုံးကာ (၆)ဦးထက်မနည်းဒဏ်ရာရရှိသည်။

သတင်းနှင့် ပြန်ကြားရေးဌာန
PSLF/TNLA