တအန်းတပ်​မ​တော်​နှင့်​ မြန်​မာတပ်​မ​တော်​တို့ ယ​နေ့တိုက်​ပွဲထပ်​မံဖြစ်​ပွား

၂၀၁၇ခုနှစ်​ သြဂုတ်​လ ၁၃ ရက်
 
တအန်းပြည်​နယ်​ တပ်မဟာ ၁ နယ်မြေ နမ့်​ခမ်းမြို့နယ်​ ​ကောင်းဝိုင်း​ကျေးရွာအနီးတွင်​ တအန်းအမျိုးသားလွတ်​​မြောက်​​ရေးတပ်​မ​တော်​ TNLA တပ်​ရင်း(၁၁၂/၅၇၁)တပ်ဖွဲ့ဝင်အချို့နှင့်​ မြန်​မာတပ်​မ​တော်​ တပ်​မ(၈၈)တို့ ယ​နေ့နံနက်​ပိုင်း(၅း၂၀)နာရီမှ (၈း၀၀)ထိ တိုက်​ပွဲ အပြင်းထန်​ဖြစ်​ပွားခဲ့သည်​။ တိုက်​ပွဲဖြစ်​ပွားပြီးခဲ့​နောက်​  မြန်​မာ့တပ်​မ​တော်​ဖက်​ အထိနာသဖြင့်​ နမ့်ခမ်းမြို့ တပ်စခန်း စခန်းသစ်​ကုန်းမှ လက်​နက်​ကြီးမြောက်များစွာဖြင့်​ ​ကောင်းဝိုင်းကျေးရွာ လွယ်လောင်ကျေးရွာအတွင်း ဦးတည်​ပစ်​ခတ်​မှု ပြုလုပ်​သည်​။
မြန်​မာတပ်​မ​တော်​ ပစ်​ခတ်​လိုက်​​သော လက်​နက်​ကြီးများသည်​ ​ကျေးရွာအတွင်းကျ​ရောက်​ကာ ​ဒေသခံ(၄)ဦး လက်​နက်​ကြီး ကျည်​စထိမှန်ဒဏ်​ရာရခဲ့သည်​။
ဒဏ်​ရာရ (၄)ဦးမှာ အသက်​(၂)နှစ်​ခွဲ​ကျော်​ ကလေး (၁) ​လွေးစန်းစန်း​မော်​ ​(၂)ဒေါ်​အေမိုင်​ (၃) မိုင်း​အောင်​သိန်း (၄) ယိုင်​​သိန်းဦး တို့ဖြစ်​ကြသည်​။
တအန်းတပ်မတော် လှုပ်ရှားနေသည့် နမ့်ခမ်းမြို့ တောင်ဘက်ခြမ်းသို့  မြန်​မာတပ်​မ​တော်​တို့ ထိုးစစ်​ဆင်​ တိုက်ခိုက်လာရာမှ တိုက်​ပွဲဖြစ်​ပွားရခြင်းဖြစ်​သည်​။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA