တအန်းတပ်မတော်နှင့် မြန်မာ့တပ်မတော် တိုက်ပွဲပြန်လည်ဖြစ်ပွား

၂၀၁၇ ခုနှစ် နိုဝင်ဘာလ  ၁၅ ရက်

တအန်းပြည်နယ် တပ်မဟာ ၁ နယ်မြေ နမ္မတူမြို့နယ် မန်အိုင်ရွာအထက်တွင် ယနေ့ ညနေ ၁၅း၀၀ နာရီမှ ၁၅း၃၀ နာရီအချိန်ထိ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း (၁၀၁) နှင့် မြန်မာ့တပ်မတော် ခမရ (၅၀၂) တို့ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

မြန်မာ့တပ်မတော်သည် တအန်းပြည်နယ် သို့ နိုဝင်ဘာလ ဒုတိယပတ်တွင် စစ်အင်အား နှင့် လက်နက်ရိက္ခာများ ထပ်မံဖြည့်တင်းပြီး နိုဝင်ဘာလ ၁၀ ရက်နေ့တွင် တစ်ကြိမ် နှစ်ဖက် ထိတွေ့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ယခုတိုက်ပွဲ ဖြစ်ပွားရာဒေသတွင် မြန်မာ့တပ်မတော်မှ တောတွင်းအထိ စစ်အင်အား ၁၀၀ ကျော်ဖြင့် ထိုးစစ်ဆင် လာသဖြင့် နှစ်ဖက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA