တအန်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ ယနေ့ တိုက်ပွဲ ၃ နေရာ ထပ်မံဖြစ်ပွား

တအန်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ ယနေ့ တိုက်ပွဲ ၃ နေရာ ထပ်မံဖြစ်ပွား
၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၀ ရက်
တအာင်းပြည်နယ် တပ်မဟာ ၂ နယ်မြေ ကျောက်မဲမြို့နယ်၊ နမ့်ဆန်မြို့နယ်နှင့် တပ်မဟာ ၅ နယ်မြေ ကွတ်ခိုင်မြို့နယ် တို့၌ ယနေ့ အောက်တိုဘာလ ၂၀ ရက် နံနက်ပိုင်းတွင် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ၃ နေရာ ဖြစ်ပွားခဲ့သည်။
နံနက် ၀၆း၃၀ နာရီမှ ၀၇း၁၂ နာရီအချိန်ထိ တပ်မဟာ ၂ နယ်မြေ ကျောက်မဲမြို့နယ် ကွင်းစလန်းကျေးရွာအနီးတွင် တအန်းတပ်မတော် တပ်ရင်း ၆၆၆ နှင့် မြန်မာ့တပ်မတော် တပ်မ ၇၇ တို့က လည်းကောင်း၊ နေ့လည် ၁၀း၄၅ နာရီအချိန်တွင် အာရမ်းကျေးရွာ အနောက်မြောက်ဖက် အာရမ်းရွာနှင့် တောင်ကျော်ကျေးရွာ လမ်းခွဲတွင် တအန်းတပ်မတော် တပ်ရင်း ၄၃၄ နှင့် မြန်မာ့တပ်မတော် တပ်မ ၇၇ တို့က လည်းကောင်း၊ နေ့လည် ၁၀း၃၀ နာရီမှ နေ့လည် ၁၁း၀၀ နာရီအချိန်ထိ တပ်မဟာ ၅ နယ်မြေ ကွတ်ခိုင်မြို့နယ် နောင်လောင်းကျေးရွာအနီးတွင် တအန်းတပ်မတော် တပ်ရင်း ၈၁၈ နှင့် မြန်မာ့တပ်မတော် ခလရ ၆၆ တို့က လည်းကောင်း နှစ်ဖက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွား ခဲ့ကြသည်။
မြန်မာ့တပ်မတော်သည် NCA လက်မှတ်ရေးထိုးခြင်း (၂) နှစ်ပြည့် အခမ်းအနား ကျင်းပပြီးနောက်ပိုင်း အောက်တိုဘာလ ၁၉ ရက် နေ့တွင် စစ်သားအပြည့် တင်ဆောင်လာသည့် စစ်ကား ၅၀ စီး လားရှိုးမှ မူဆယ်လမ်းမအတိုင်း ထပ်မံ အင်အားဖြည့် ပို့ဆောင်ခဲ့သည်။

PSLF/TNLA
သတင်းနှင့် ပြန်ကြားရေးဌာန