တအန်းတပ်မတော်ရှိရာသို့ ထိုးစစ်ဆင် တက်လာသည့် RCSS တပ်ဖွဲ့နှင့် တအန်းတပ်မတော် တိုက်ပွဲဖြစ်ပွား

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်

 

တအန်းပြည်နယ် တပ်မဟာ ၂ နယ်မြေ နမ့်ဆန်မြို့နယ်၊ ကိုက်တိုင်ကျေးရွာ အောက်ဖက်၌ ယနေ့ နံနက် ၀၉း၀၀ နာရီမှ ၁၀း၃၀ နာရီ တစ်ကြိမ်၊ ညနေ ၁၅း၀၀ နာရီမှ ၁၆း၀၀ နာရီအထိ တစ်ကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ယခုတိုက်ပွဲ ဖြစ်ပွားရာနေရာသည် ၂၀၁၇ ဒီဇင်ဘာလ ၂၇ ရက်နေ့၌ မြန်မာ့တပ်မတော်မှ တအန်းတပ်မတော်အား ဝင်ရောက်တိုက်ခိုက်ပြီး ကျောက်ဖြူလေးကျေးရွာ၊ ဒို့လွေကျေးရွာ၊ ကိုက်တိုင်ကျေးရွာ တစ်ဝိုက် ဝင်ရောက်လှုပ်ရှား ထိုးစစ်ဆင်ခဲ့ပြီး ၂၀၁၈ ဇန်နဝါရီ ၁၄ ရက်နေ့တွင် ကိုက်တိုင်ရွာ၌ လူနေအိမ် ၃ လုံး မီးရှို့ဖျက်ဆီးခဲ့ပြီး ထိုဒေသမှ ဆုတ်ခွါခဲ့သည်။

RCSS တပ်ဖွဲ့သည် ထိုဒေသ၌ တအန်းတပ်မတော် ရှောင်ပေးနေခြင်းကို အခွင့်ကောင်းယူပြီး နယ်မြေကျူးကျော် ထိုးစစ်ဆင် တက်လာရာမှ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွား ရခြင်းဖြစ်သည်။

PSLF/TNLA

သတင်းနှင့် ပြန်ကြားရေးဌာန