တအန်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲအပြင်းထန် ဖြစ်ပွား မြန်မာ့တပ်မတော် ၂ ဦးကျ

၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၈ ရက်

တအန်းပြည်နယ် တပ်မဟာ ၁ နယ်မြေ နမ္မတူမြို့နယ် ကုန်းပေါင်းရွာဟောင်း မန်ပုံကျေးရွာအနီးတွင် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း ၈၇၆ နှင့် မြန်မာ့တပ်မတော် တပ်မ ၈၈ ခမရ ၃၀၁ တို့ ယနေ့ နံနက် ၀၉း၄၅ နာရီမှ ၁၃း၃၅ နာရီထိ နှစ်ဖက် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင် မြန်မာ့တပ်မတော်ဖက် ၂ ဦးကျဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ တအန်းတပ်မတော် ၁ ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။
မြန်မာ့တပ်မတော်သည် ယနေ့နံနက် ၀၄း၀၀ နာရီအချိန်ခန့်တွင် နမ့်ဟိုင်းကျေးရွာမှ စတင်ထွက်ခွားပြီး တအန်းတပ်မတော် တည်ရှိရာသို့ အင်အား ၁၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာမှုကြောင့် တိုက်ပွဲ ဖြစ်ပွားရခြင်းဖြစ်သည်။
ယခုလ စက်တင်ဘာ ၁၁ ရက်နေ့မှ စတင်ဖြစ်ပွားသည့် တိုက်ပွဲသည် ၂၁ ရက်နေ့တွင် ခဏငြိမ်သွားပြီး ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့၌ ပြန်လည် ဖြစ်ပွားခြင်း ဖြစ်သည်။ စက်တင်ဘာလ အတွင်း နှစ်ဖက်ထိတွေ့ တိုက်ခိုက်မှု ၁၂ ကြိမ် ရှိပြီးဖြစ်သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA