“ဒီမိုကရေစီ ပညာရေး ဆန္ဒပြ ကျောင်းသားများအား အကြမ်းဖက်ရိုက်နက် ဖြိုခွင်းခြင်းကို အပြင်းအထန် ကန့်ကွက် ရှုတ်ချပါသည်”

PSLF_Letter_head

“ဒီမိုကရေစီ ပညာရေး ဆန္ဒပြ ကျောင်းသားများအား အကြမ်းဖက်ရိုက်နက် ဖြိုခွင်းခြင်းကို အပြင်းအထန် ကန့်ကွက် ရှုတ်ချပါသည်”
သဘောထားထုတ်ပြန်ချက်အမှတ် (၄/၂၀၁၅)
၁၀ ရက်၊ မတ်လ၊ ၂၀၁၅

ဒီမိုကရေစီ ပညာရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုသည့် ဒေသအသီးသီးရှိ ကျောင်းသားလှုပ်ရှားမှုများကို အင်အားသုံး အကြမ်းဖက် ရိုက်နှက်ဖမ်းဆီး ဖြိုခွင်းလိုက်သည့် မြန်မာအစိုးရ၏ အကြမ်းဖက် လုပ်ရပ်အား ပြတ်ပြတ်သားသား ကန့်ကွက် ရှုတ်ချလိုက်ပါသည်။

မြန်မာပြည်သူ လူထုတရပ်လုံး၏ အနာဂတ်ပညာရေး ဒီမိုကရေစီ စံချိုန်စံနှုန်း ပြည့်မှီပြီး ဖွံ့ဖြိုးတိုးတက်ရန်အတွက် သပိတ်မှောက် ကျောင်းသားများ၏ တင်ပြတောင်းဆိုချက်ကို နိုင်ငံတော် အစိုးရ အနေဖြင့် ငြိမ်းချမ်းစွာ ညှိနှိုင်းဆောင်ရွက် မည့်အစား ယခုကဲ့သို့ အကြမ်းဖတ် ဖြိုခွင်းခြင်းသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးပြုလုပ်ရန် အမှန်တကယ် ဆန္ဒမရှိကြောင်း ပိုမိုပေါ်လွင် စေပါသည်။

မြန်မာနိုင်ငံအတွင်း ကြုံတွေ့ရင်ဆိုင်နေရသည့် တရားမျှတမှု ကင်းမဲ့ခြင်း၊ ဖိနှိပ်မှုများကြောင်း ဖြစ်ပေါ်လာသည့် တိုင်းရင်းသား၊ ကျောင်းသား၊ ရဟန်းသံဃာ တို့၏ လှုပ်ရှားမှုများကို ယခုကဲ့သို့ ရက်စက်စွာ အကြမ်းဖက် ဖြေရှင်းခြင်းသည် မြန်မာနိုင်ငံအား ကျဆုံးနိုင်ငံ Failed-State အဖြစ်သို့ ကျရောက်ရန် နင်းချေနေခြင်း ဖြစ်သည်။

ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက် (NNER) နှင့် ကျောင်းသားလူငယ်များ၏ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှုကို မိမိတို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး P.S.L.F/ T.N.L.A မှ အပြည့်အ၀ ထောက်ခံသဘော တူပါသည်။

တိုင်းရင်းသား မိဘပြည်သူများ၏ ဒီမိုကရေစီ ပညာရေးအတွက် အနယ်နယ် အရပ်ရပ်ရှိ ကျောင်းသားမိဘ ပြည်သူများအားလုံး စုစည်းညီညွတ်စွာဖြင့် ရည်မှန်းချက်ပန်းတိုင် ရောက်ရှိသည်အထိ ဆက်လက်တိုက်ပွဲ ၀င်ကြပါရန် မိမိတို့ P.S.L.F/ T.N.L.A မှ အလေးအနက် တိုက်တွန်းနှိုးဆော် လိုက်ပါသည်။

ဗဟိုကော်မီတီ
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (P.S.L.F)
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (T.N.L.A)

ဆက်သွယ်ရန် –     သတင်းနှင့်ပြန်းကြားရေးဌာန PSLF/TNLA
(၉၅) ၀၉ ၄၉၃၁ ၄၉၅၁၊
(၈၆) ၁၈၃ ၁၃၄၆ ၈၇၃၀

သဘောထားထုတ်ပြန်ချက်  ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။