Breaking News မူဆယ်အနီးတွင် TNLA နှင့် မြန်မာ့တပ်မတော်တိုက်ပွဲဖြစ်ပွား

ဓါတ်ပုံ – ၅၂ ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့မှ TNLA စစ်သည်တော်များ

ယနေ့ ဧပြီလ ၂၇ ရက်နေ့ နံနက် ၀၄း၃၀ မှ ၀၅း၃၀ အထိ တအာင်းဒေသ၊ မူဆယ်မြို့နယ်၊ နမ့်ကတ်ကျေးရွာ အနီးတွင် တအာင်းတပ်မတော် နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ နံနက် ၀၄း၃၀ မှ ၀၅း၃၀ အထိ တစ်ကြိမ်နှင့် ၀၆း၃၀ မှ ၀၇း၄၀ အထိ တစ်ကြိမ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါသည်။

တအာင်းတပ်မတော်အခြေချရာ စခန်းသို့ မြန်မာ့တပ်မတော်မှ ၀င်ရောက်လာသောကြောင့် ပစ်ခတ်မှု နှစ်နာရီကျော်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှု အခြေအနေကိုမူ မသိရှိရသေးပါ။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA