မြန်မာ့တပ်မတော် တပ်မ ၈၈ အပြစ်မဲ့ရွာသားများဖမ်းဆီးခေါ်ဆောင်သွား

မြန်မာ့တပ်မတော် တပ်မ ၈၈ အပြစ်မဲ့ရွာသားများဖမ်းဆီးခေါ်ဆောင်သွား

၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၇ ရက်

 

တအန်းပြည်နယ် နမ့်​ခမ်းမြို့နယ်​ ဖဒဲန်​ကျေးရွာအုပ်​စု မန်​ကန်​​ကျေးရွာသို့  ၂၀၁၇ ခုနှစ်​ စက်​တင်​ဘာလ (၁၇) ​နေ့ နံနက်​(၀၄း၀၀) နာရီအချိန်​တွင်​ မြန်​မာ့တပ်​မ​တော်​ တပ်​မ (၈၈)  အင်းအား (၃၀) ခန့်​ ရောက်ရှိလာပြီး မန်​ကန်​​ကျေးရွာသားများ ဖြစ်ကြသည့် (၁)တားအိုက်​​လေး၊ (၂)တားအိုက်​လာ၊ (၃) ယိုင်တူး(ခ)​​ တားယိုင်​​ကျော်​၊ (၄)တားထွန်းသစ် ​(ခ) ကူန်းအိုက်​မြင့်​နှင့်​ (၅) မိုင်းအိုက်​မြင့်​တို့ ၅ ဦးအား အကြောင်းမဲ့ ဖမ်းဆီး​ခေါ်​ဆောင်​သွားခဲ့သည်​။

ဖမ်းဆီးခေါ်ဆောင် ခံရသူများအား ကျေးရွာအုပ်​ချုပ်​​ရေးမှူးနှင့်​ ဆရာ​တော်​ဦး​ဘောဂမှ ကျေးရွာသားမှန်​ကန်​ကြောင်း သွား​ရောက်​​ထောက်​ခံရာ (၃) ဦး ပြန်လွှတ်​ပေးခဲ့သည်။

တားထွန်းသစ်​ (ခ) ကူန်းအိုက်​မြင့်​နှင့်​ မိုင်းအိုက်​မြင့်​တို့ (၂)ဦး မှာ ယခုအထိ ပြန်လွတ်ပေးခြင်း မရှိသေးပါ။

 

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA  