မြန်မာ့တပ်မတော် ထောင်ထားသည့်မိုင်း နင်းမိ၍ ဟိုမောရွာသား ပွဲချင်းပြီးသေဆုံး

၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၂ရက်

ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာအုပ်စု၊ ဟိုမောကျေးရွာ ၁၁.၉.၂၀၁၇ ရက်နေ့တွင်မြန်မာ့တပ်မတော် တပ်မ ၈၈ တို့ ဟိုခိုမ်ရွာသို့ရောက်ရှိလာသည်။ ၁၂. ၉.၂၀၁၇ ရက်နေ့ နံနက် ၀၈း၀၀ နာရီခန့် လောခိုမ်ရွာဘက်သို့ မြန်မာ့တပ်မတော် ထွက်သွား ပြီးနောက်တွင် အဖ- ဦးလှိုင်ခမ်း၊ အမိ- ဒေါ်မာလာတို့၏ သား အသက် ၃၇ နှစ် မိုင်းအငိုလာသည် မီးသွေးဖိုမှအိမ်သို့ရောက်လာပြီး ၁၀း၀၅ အချိန်တွင် ဟင်းခြံသို့ဆင်းရန် ဟင်းခြံအတွင်း မြန်မာ့တပ်မတော် ထောင်ထားသည့် မိုင်း နင်းမိသဖြင့် မိုင်းပေါက်ကွဲမှုကြောင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

သတင်းနှင့် ပြန်ကြားရးဌာန
PSLF/ TNLA