မြန်မာတပ်မတော် မန်ဝဲကျေးရွာလူနေအိမ် အကြောင်းမဲ့ ပစ်ခတ်ဖျက်ဆီးပြီး ဒေသခံအချို့အား ရိုက်နှက်နှိပ်စက်

၂၀၁၇ခုနှစ် သြဂုတ်လ ၁၁ရက်

တအန်းပြည်နယ်၊ နမ့်ဆန်မြို့နယ် ခေးခင်ကျေးရွာနှင့် မန်ဝဲကျေးရွာကြား ၂၀၁၇ခုနှစ် သြဂုတ်လ ၈ ရက်နေ့ တအန်းတပ်မတော်နှင့် မြန်မာတပ်မတော်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက်  မြန်မာတပ်မတော်၏ ကျေးရွာအတွင်း လက်နက်ကြီးများဖြင့် ဦးတည် ပစ်ခတ်မှုပြုလုပ်ခဲ့သည်​။ လက်နက်ကြီးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံများ ရွာထဲမနေဝံ့ရဲပဲ နမ္မတူမြို့ ဗုဗ္ဗာရုံကျောင်းသို့ ထွက်ပြေး တိမ်းရှောင်ခဲ့သည်။
တိုက်ပွဲအပြီးတွင် မြန်မာတပ်မတော်သည် မန်ဝဲရွာအတွင်း ဝင်ရောက်စီးနင်းပြီး လူသူမရှိတော့သည့် နေအိမ် ထရံများ၊ ခေါင်မိုးများအား အကြောင်းမဲ့ ပစ်ဖောက် ဖျက်ဆီးခဲ့သည်။ ထို့အပြင် ဦးအိုက်လှူ၊ဦးအိုက်ပု၊ဒေါ်အေးပိန်း၊ ယာမာသန်းအေးနှင့်ဒေါ်အေးချိုးတို့၏နေအိမ်များကို ဖောက်ထွင်းပြီး ငွေကြေးနှင့် အဖိုးတန်းပစ္စည်းများယူသွားခဲ့သည်။ ကာလတန်းဖိုးမသိရသေးပါ၊
မြန်မာတပ်မတော်သည် ယနေ့အထိ ကျေးရွာအတွင်းတွင် တစ်အိမ်တက် တစ်အိမ်ဆင်း ကြမ်းတမ်းစွာ လိုက်လံစစ်ဆေးမှု ပြုလုပ်နေဆဲဖြစ်ပြီး  ထွက်မပြေးဘဲ ကျန်ရှိသောဒေသခံတချို့အား ရိုက်နှက်နှိပ်စက်လျက် ရှိသည်။


သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA