ကျောက်မဲဒေသတွင် တအာင်းတပ်မတော်နှင့်မြန်မာ့တပ်မတော် တိုက်ပွဲဖြစ်ပွား

မေလ ၅ ရက် ၂၀၁၅ ခု

တအာင်းဒေသ၊ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့နယ်ခွဲအနီးတွင် TNLA တပ်မဟာ (၂)မှ တပ်ရင်း (၅၂၇)နှင့် မိုင်းလုံအခြေစိုက် မြန်မာတပ်တို့ မေလ ၄ ရက်နေ့ ညနေပိုင်း ၁၈း၃၀ မှ  ၁၉း၃၀ အထိတိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို့အပြင် ၄ ရက်နေ့ မနက်ပိုင်း ၀၉း၄၀ မှ ၁၀း၁၅ အကြားတွင်လည်း မိုးကုတ်မှ ပြင်ဦးလွင်ဘက်သို့ ချှီတက်လာ သည့် မြန်မာ့တပ်မတော် စစ်ကြောင်းများနှင့် TNLA တပ်မဟာ (၂)မှ တအာင်းတပ်မတော် တပ်ရင်း (၇၁၇)တို့ အိုမ်ခုမ်းရွာနှင့် ဆဘိုင်းရွာအကြားတွင်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း သိရှိရသည်။ ဖြစ်ပွားခဲ့သော တိုက်ပွဲနှစ်ကြိမ်တွင် တအာင်း တပ်မတော်မှ ထိခိုက်မှုမရှိပါ၊ မြန်မာ့တပ်မတော်မှ ထိခိုက်မှုအခြေအနေ စုံးစမ်း ဆဲဖြစ်သည်။

မြန်မာစစ်ကြောင်းတို့သည် မိုးကုတ်မှ TNLA တပ်မဟာ (၂)နယ်မြေသို့ စစ်ကား (၁၅)စီးဖြင့် ရောက်လာပြီး တအာင်းတပ်မတော် ရှိနိုင်မည်ဟု ထင်သည့် တောင်ကုန်းများသို့လည်းကောင်း၊  ယခုမေလဆန်းပိုင်းအတွင်း TNLA တပ်မဟာ (၁)နယ်မြေဖြစ်သည့် နမ်းခမ်း-ကောင်းဝိုင်းရွာသို့ တပ်ရင်း (၃)ရင်း၊ နမ်းခမ်းမြို့ပေါ်တွင် တပ်ရင်း(၁)ရင်းနှင့် ကွတ်ခိုင်မြို့နယ် ငေါးငါးရွာ၊ မန်တုံရွာသို့ အင်အား (၂၀၀)ကျော်ခန့်ပါဝင်သည့် စစ်ကြောင်းတစ်ကြောင်းတို့ ထိုးစစ်ဆင်လာနေလျက်ရှိကြောင်းသိရသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA