သတင်းထုတ်ပြန်ရှင်းလင်းချက်

                                                                                                            သတင်းထုတ်ပြန်ရှင်းလင်းချက်
၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၀ ရက်

 

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သည် သိန်းနီမြို့နယ်၊ နောင်ဟိုင်၊ နောင်ကား၊ ဟိုနား၊ ခမ်းတုန်း၊ ကုန်းမုံ ရွာသားများဖြစ်သည့် ဦးဝင်းကျော်နှင့် အမျိုးသမီး ၂၀ ဦးကျော်အား လယ်ကွင်းထဲတွင် ဖမ်းဆီး မေးမြန်းခြင်း၊ ငွေကြေးတောင်းခံခြင်းပြုလုပ်သည့်အပြင် မောင်သီဟအား ဖမ်းဆီးရိုက်နှက်ကာ ငွေ ၂ သိန်း ပေးစေခြင်း ကြောင့် ရွာသားများ သိန်းနီမြို့ ကျောင်းဆိုင် ဘုန်းတော်ကြီးကျောင်းနှင့် ကျောင်းကန် ဘုန်းတော်ကြီး ကျောင်းသို့ ထွက်ပြေး တိမ်းရှောင်လာကြောင်း ဇူလိုင်လ ၁၉ ရက်နေ့တွင် RCSS တပ်ဖွဲ့၏ website စာမျက်နှာ ( ရှမ်းဘာသာ အစီအစဉ်) နှင့် လူမှုကွန်ယက် စာမျက်နှာ ပေါ်တွင် ထုတ်လွှင့် ဖော်ပြနေသည်ကို တွေ့ရှိရပါသည်။
သိန်းနီမြို့နယ်သည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်မဟာ ၄ နှင့် တပ်မဟာ ၅ လှုပ်ရှားသည့် နယ်မြေ ဖြစ်သော်လည်း ထိုဒေသအတွင်း ယင်းတို့ ထုတ်လွှင့် ဖော်ပြသည့် ဇူလိုင်လ ၁၇/၁၈/၁၉/၂၀ ရက်နေ့တို့၌ ထိုဒေသအတွင်း တအာင်းတပ်မတော်မှ ၀င်ရောက်သွားလာခြင်း မရှိခဲ့ပါ။
သို့ဖြစ်ပါ၍ ဇူလိုင်လ ၁၉ ရက်နေ့တွင် RCSS တပ်ဖွဲ့၏ website စာမျက်နှာ (ရှမ်းဘာသာ အစီအစဉ်)နှင့် လူမှုကွန်ယက်စာမျက်နှာ ပေါ်တွင် ထုတ်လွှင့် ဖော်ပြနေသည့် တအာင်းတပ်မတော်မှ ရွာသားများအား ဖမ်းဆီးစစ်ဆေး ရိုက်နှက်ခြင်း၊ ငွေကြေးတောင်းခံခြင်း ဆိုသည့်သတင်းသည် သတင်းအမှားသာ ဖြစ်ကြောင်းနှင့် အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးစစ်ဆေးရိုက်နှက်ခြင်းသည် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မူဝါဒလည်း မရှိကြောင်း ထုတ်ပြန် ရှင်းလင်း အပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

သတင်းထုတ်ပြန်ရှင်းလင်းချက်