လက်ဖက်လုပ်ငန်းဆိုင်ရာ အမိန့်ကြော်ငြာစာ
အမိန့်ကြော်ငြာစာအမှတ် (၄/၂၀၁၅)
ရက်စွဲ။ ။ ၁၅ ရက်၊ သြဂုတ်လ၊ ၂၀၁၅ ခုနှစ်။
၁။ လက်ဖက်လုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရန်နှင့် လက်ဖက်စားသုံးသူများ ဘေးဥပါဒ်ကင်းရှင်းသည့် လက်ဖက်များ
ရရှိစားသုံးနိုင်ရန် လက်ဖက်လုပ်ငန်းနှင့်ပတ်သက်ပြီး အောက်ပါအတိုင်း အမိန့်ထုတ်ပြန်လိုက်သည်။
(က) လက်ဖက်အား ဘေးဥပါဒ်ဖြစ်စေမည့် အရောင်ဆိုးခြင်း မပြုရ။
(ခ) ဘေးဥပါဒ်ဖြစ်စေမည့် လက်ဖက်မဟုတ်သည့် မည်သည့်အရွက်များနှင့်မဆို ရောနှောခြင်းမပြုရ။
(ဂ) ဘေးဥပါဒ်ဖြစ်စေမည့် ဓါတုဗေဒပစ္စည်း (သို့မဟုတ်) အခြားအရာတစ်ခုခုဖြင့် ရောနှောခြင်းမပြုရ။
(ဃ) လက်ဖက်အတုအပ ထုတ်လုပ်ခြင်း လုံးဝ မပြုလုပ်ရ။
၂။ အထက်ပါတားမြစ်ချက် တစ်ရပ်ရပ်အား ဖောက်ဖျက်ကျူးလွန်ပါက ပလောင်ပြည်နယ်လွတ်မြောက်ရေး
တပ်ဦး (P.S.L.F) ၏ ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း အမိန့်ထုတ်ပြန်လိုက်ပါသည်။
အမိန့်အရ-
တားအိုမ်တမောဝ်း
ဗဟိုအထွေထွေအုပ်ချုပ်ရေးမှူး
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး
P.S.L.F/T.N.L.A
မူရင်း အမိန့်ကြေညာချက် PDF ဖိုင်ကို ဤနေရာတွင်PSLF’s Order to protect and promote the Ta’ang Tea ဒေါင်းလော့ယူနိုင်ပါသည်။