ယနေ့ တအန်းတပ်မတော်နှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲ ၃ နေရာ ထပ်မံဖြစ်ပွား

၂၀၁၇ခုနှစ် စက်တင်ဘာလ ၁၃ရက်
 
တအန်းပြည်နယ်၊ တပ်မဟာ(၁)နယ်မြေ၊ နမ္မတူမြို့နယ်နှင့် တပ်မဟာ ၂ နယ်မြေ နမ့်ဆန်မြို့နယ်၊ ကျောက်မဲမြို့နယ်တို့၌ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် မြန်မာ့တပ်မတော်တို့ ယနေ့ တစ်ရက်တည်းတွင် တိုက်ပွဲ ၃ နေရာ ထိတွေ့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
နေ့လည် ၁၂း၃၅ နာရီမှ ၁၃း၀၅ နာရီအထိ နမ္မတူမြို့နယ် ပန်ဝါကျေးရွာအနီးတွင် တအန်းတပ်မတော်  တပ်ရင်း (၈၇၆) နှင့် မြန်မာ့တပ်မတော် တပ်မ(၈၈) ခမရ (၃၀၁) တို့ ကလည်းကောင်း၊ နေ့လည် ၁၂း၃၀ နာရီတွင် နမ့်ဆန်မြို့နယ် ဟူးခင်ကျေးရွာနှင့် မန်မိုင်မိန်းကွမ်းကျေးရွာ ကြားတွင် တအန်းတပ်မတော် တပ်ရင်း ၄၃၄နှင့် မြန်မာ့တပ်မတော် တပ်မ ၇၇  တို့ကလည်းကောင်း၊ ညနေ ၁၇း၀၀ နာရီတွင် ကျောက်မဲမြို့နယ် လွယ်ခလေးကျေးရွာ အထက်ဖက် တောင်ကြောပေါ်တွင် တအန်းတပ်မတော် တပ်ရင်း (၆၆၆) နှင့် မြန်မာ့တပ်မတော် တပ်မ ၇၇ တို့က လည်းကောင်း အသီးသီး ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
နမ့်ဆန်မြို့နယ် ဟူးခင်ကျေးရွာနှင့် မန်မိုင်မိန်းကွမ်းကြား တိုက်ပွဲတွင် မြန်မာ့တပ်မတော်ဖက် ၃ ဦးကျဆုံးသည်။
ယခုရက်ပိုင်းအတွင်း မြန်မာ့တပ်မတော်သည် တအန်းတပ်မတော် တည်ရှိရာ တောတွင်းအထိ ထိုးစစ်ဆင် ပိုမိုပြုလုပ်လာသောကြောင့် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။
 
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA