ယနေ့တစ်ရက်တည်း တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ(၃)ကြိမ် ဖြစ်ပွား

ယနေ့တစ်ရက်တည်း တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ(၃)ကြိမ် ဖြစ်ပွား
၂၀၁၇ ခုနှစ် ဧပြီလ ၂၉ ရက်

တအာင်းဒေသ တပ်မဟာ ၁ နယ်မြေ၊ တပ်မဟာ ၃ နယ်မြေနှင့် တပ်မဟာ ၄ နယ်မြေတို့၌ ယနေ့ တစ်ရက်တည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့သည်။
နံနက်  ၀၈း၃၀ နာရီမှ ၀၉း၁၀ နာရီအချိန်ထိ   တပ်မဟာ (၃) နယ်မြေ  နမ့်ခမ်းမြို့နယ် လွယ်ဟွမ်ရွာနှင့် မိုင်းဝီးရွာကြားတွင် တအာင်းတပ်မတော် တပ်ရင်း ၆၈၃ နှင့် မြန်မာ့တပ်မတော် တပ်မ(၈၈)တို့  တစ်ကြိမ်၊ နေ့လည် ၁၂း၄၀ နာရီအချိန်မှ ၁၃း၀၀ နာရီအချိန်ထိ တပ်မဟာ(၄) နယ်မြေ၊ နမ္မတူမြို့နယ် မန်အိုင်ကျေးရွာအနီးတွင် တအာင်းတပ်မတော်  တပ်ရင်း ၅၆၈ နှင့် မြန်မာ့တပ်မတော် ခလရ -၂၉၁ တို့ တစ်ကြိမ်၊ နေ့လည် ၁၃း၃၀ နာရီ အချိန်မှ ၁၅း၀၀ နာရီအချိန်ထိ တပ်မဟာ (၅) နယ်မြေ၊ ကွတ်ခိုင်မြို့နယ်၊ ပန်ညှိုးရွာနှင့် ရံဝ်ကလားကျေးရွာ အကြားတွင် တအာင်းတပ်မတော် တပ်ရင်း ၁၁၂ နှင့် မြန်မာ့တပ်မတော်တို့ ယနေ့တစ်ရက်တည်း၌ တိုက်ပွဲ ၃ နေရာ  ဖြစ်ပွားခဲ့သည်။
နမ့်ခမ်းမြို့နယ် လွယ်ဟွမ်ရွာနှင့် မိုင်းဝီးရွာကြား တိုက်ပွဲတွင် မြန်မာ့တပ်မတော်ဖက်(၁)ဦး ဒဏ်ရာရရှိပြီး နမ္မတူမြို့နယ် မန်အိုင်ကျေးရွာအနီး တိုက်ပွဲတွင် မြန်မာ့တပ်မတော် ၆ ဦးကျဆုံးသည်။
သင်္ကြန်ကာလ အပြီး တအာင်းဒေသသို့ ထပ်မံထိုးစစ်ဆင်တက်လာသည့် မြန်မာ့တပ်မတော်နှင့် တအာင်းတပ်မတော်တို့  ယနေ့ ဧပြီလ ၂၉ ရက်နေ့၌ တိုက်ပွဲ စတင် ဖြစ်ပွားခြင်းဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA