မူဆယ်အနီးတွင် တအာင်းတပ်မတော်နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဆက်ဖြစ်နေ

အခြေခံ စစ်သင်တန်းမှ TNLA စစ်သည်တော်များ

၂၈ ရက် ဧပြီလ ၂၀၁၅ ခု

ယနေ့ နံနက် ၀၆း၀၀ နာရီခန့်တွင် တအာင်းဒေသ၊ မူဆယ်မြို့အနီး လွယ်မောက်ကျေးရွာဝန်းကျင်တွင် တအာင်းတပ်မတော် တပ်ရင်း (၁၀၁)နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ဖြစ်ပွားသော တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုအခြေအနေ အသေးစိတ်မသိရသေးပါ၊ ယမန်နေ့ ၂၇ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA