မန်တုံမြို့နယ်တွင် TNLA တပ်မတော်နှင့် မြန်မာစစ်တပ် တိုက်ပွဲဖြစ်

ဒီဇင်ဘာလ ၁၀ ရက် ၂၀၁၄ ခု

ယနေ့ညနေပိုင်း ၁၆း၀၅ မှ ၁၆း၄၅ အချိန်တွင် တအာင်းဒေသ၊ မန်တုံမြို့နယ် နမ့်ပါကျိုင်ရွားအနီးတွင် TNLA တအာင်း တပ်မတော် တပ်ရင်း (၃၆၇)နှင့် မြန်မာစစ်တပ်တို့  တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့ တာမိုးညဲမြို့နယ်ခွဲ နံနက် ၅း၀၀ မှ ၁၇း၀၀ အထိ တစ်ကြိမ်နှင့် မန်တုံမြို့နယ် ၁၆း၀၅ မှ ၁၆း၄၅ တွင် တစ်ကြိမ် ဖြစ်ပွားခဲ့သည်။

နံနက်ပိုင်း TNLA, KIA, MNDAA တိုင်းရင်းသားပူးပေါင်းတပ်ဖွဲ့တို့နှင့် ဖြစ်ပွားသော တိုက်ပွဲသည် ညနေ ၁၇း၀၀ နာရီအချိန်တွင် ပြီးဆုံးခဲ့သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၉ ၄၇၁၃၂၁၁၈၊ ၀၆၉၂ ၆၂၂၄၈၅၈