ပိတ်ဆို့နေတဲ့နိုင်ငံရေးတွေ့ဆုံမှုကို ကျော်လွှားပြီး တကယ့်ပြည်ထောင်စုနိုင်ငံဆီ ဦးတည်ပြောင်းလဲချင်တယ်ဆိုရင် …

မြန်မာ့တပ်မတော် သဘောထားပြောင်းလဲဖို့လိုအပ်ပါတယ်။   မြန်မာ့တပ်မတော်ဟာပြည်ထောင်စုတကယ်

မပြိုကွဲစေချင်ဘူး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်စေချင်တယ်၊ တိုင်းရင်းသားပြည်သူလူထုအားလုံးကို ဆင်းရဲဒုက္ခတွင်းက ကျွတ်လွတ်စေချင်တယ်ဆိုရင် တကယ်ပြုပြင်ပြောင်းလဲမှုလုပ်ဖို့လိုပါတယ်။

 

၁။       ၂၀၀၈   ဖွဲ့စည်းပုံကို   အသေဖက်တွယ်နေတာကနေ     သတ္တိရှိရှိ  ပြောင်းလိုက်ပါ။ ပြဿနာကိစ္စရပ်တွေ

တော်တော်များများ    ပြေလည်လာပါလိမ့်မယ်။   မြန်မာ့တပ်မတော်     ခေါင်းဆောင်တွေဟာ     နိုင်ငံ့အာဏာကို   နှစ်ပေါင်းများစွာချုပ်ကိုင်ခဲ့တာ     ကျေနပ်ဖို့သင့်ပါပြီ။  အုပ်ချုပ်ရေး၊  စီးပွားရေး၊  နိုင်ငံသယံဇာတ   အစရှိတာတွေ

ကို   စိတ်တိုင်းကျ ချယ်လှယ်ထားနိုင်ပါပြီ။ ဘာထပ်လိုချင်သေးတာလဲ။

 

 

အခု ဘယ်သူ    ဘယ်ပါတီ      ဘာလူမျိုးပဲ     ရွေးကောက်ပွဲအရတက်တက်   စစ်အုပ်စုအသိုင်းအဝိုင်းကို အုပ်ချုပ်ရေး၊စီးပွားရေး ယှဉ်လို့မှ မဖြစ်နိုင်တဲ့အခြေအနေပါ။ ရင်းနှီးမြုပ်နှံမှုတွေလည်းစစ်ခေါင်းဆောင်သိုင်းအဝိုင်းပဲ

လက်ဝါးကြီးအုပ်နေတာပါ။ ဒါကြောင့် နိုင်ငံနဲ့ ပြည်သူလူထုကို   ငဲ့ညှာရင်   နိုင်ငံရေးလွတ်လပ်ခွင့် မကန့်သတ်သင့်

တော့ပါ။ ဇိမ်ခံကားစီး၊ ရဟာတ်ယာဉ်စီးနေတဲ့ စစ်ဗိုလ်အသိုင်းဝိုင်းဟာ နေပူမိုးရွာထဲ လမ်းလျှောက်နေတဲ့ တိုင်းရင်း

သားပြည်သူလူထုနဲ့  ဒီမိုကရေစီနိုင်ငံရေးမှာ ရိုးရိုးသားသားယှဉ်ပြိုင် ရင်ဆိုင်သင့်ပါပြီ။

 

၂၀၀၈ ဖွဲ့စည်းပုံကို   အကာကွယ်ယူပြီး ဒီမိုကရေစီကို   အနိုင်မကျင့်သင့်ပါ။  တိုင်းရင်းသားကို မဖိနှိပ်သင့်

တော့ပါ။ တိုင်းရင်းသားအခွင့်အရေးကို မကန့်သတ်သင့်တော့ပါ။၂၀၀၈ ဖွဲ့စည်းပုံဟာ တိုင်းရင်းသားညီညွတ်ရေးကို

ပျက်ပြားစေမဲ့ ဖွဲ့စည်းပုံ၊    ပြည်ထောင်စုပြိုကွဲစေမဲ့ဖွဲ့စည်းပုံ၊  ပြည်တွင်းစစ်ထပ်ရှည်ကြာစေမဲ့  ဖွဲ့စည်းပုံဖြစ်တယ်။

၂၀၀၈ ဖွဲ့စည်းပုံကို  ကာကွယ်ရမယ်ဆိုတဲ့တာဝန်ကို  မြန်မာ့တပ်မတော်က   ရဲရဲဝံ့ဝံ့ ခွါချလိုက်ပါ ဖယ်ရှားလိုက်ပါ။

ပြည်ထောင်စုသားအားလုံး  သဘောဆန္ဒအရ   ဖြစ်ပေါ်လာမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုရင် တိုင်းရင်းသားပြည်သူ

အားလုံး လိုက်နာကာကွယ်ကြမှာပါ။

 

၂။       မြန်မာ့တပ်မတော်ငြိမ်းချမ်းရေးမူ ကိုပြောင်းလိုက်ပါ။ တိုင်းရင်းသားတွေရဲ့ယုံကြည်မှု  သေချာရလာပါမယ်။

နိုင်ငံရေးပြဿနာအဖြေ မရသေးပဲ လက်နက်ချရမဲ့ကိစ္စ အတင်းတွန်းနေရင် ဘယ်လိုမှညှိနှိုင်းလို့မရနိုင်ပါ။  လက်ရှိ

အခြေအနေအရ နိုင်ငံတခုမှာ လက်နက်ကိုင်အဖွဲ့တဖွဲ့တည်းပဲ ရှိရမယ်ဆိုတာကို အားလုံးနားလည်ပါတယ်။မြန်မာ

စစ်ခေါင်းဆောင်တွေဟာ   တိုင်းရင်းသားတွေလက်နက်ချရေး  ဆိုတဲ့မူကို   တရားသေလက်ကိုင်ထားရင် ဘယ်လို ကျွမ်းကျင်သူ    သြဇာအာဏာရှိသူ   လာပြီးစေ့စပ်ကြားဝင်ပေးလည်း အလုပ်ဖြစ်မှာမဟုတ်ပါ။ လူမျိုးပေါင်းစုံနေတဲ့

နိုင်ငံကို တကယ်တိုးတက်ပြီး လိုက်လျောညီထွေ  သဟဇာတဖြစ်စေချင်ရင်  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကို လက်ခံပါ။   လုပ်ပိုင်ခွင့်ခွဲဝေ အသိအမှတ်ပြုပါ။   ဒီပြည်ထောင်စုနယ်မြေကို တိုင်းရင်းသားတွေလည်း ကာကွယ်ဖို့

တာဝန်ရှိတယ် ကာကွယ်ဖို့လက်ခံပါ။

 

လက်နက်ကိုင်တဲ့တိုင်းရင်းသားလူမျိုးကိုတော့ လက်နက်အပ်ဖို့ ချဖို့  တတွင်တွင်ပြောပြီး  တရုတ်လူမျိုးခြား

တွေ မူးယစ်ရာဇာတွေကိုတော့ လက်နက်တပ်ဆင် ပြည်သူ့စစ်ဖွဲ့ပေးနေတာ တိုင်းပြည် တည်ငြိမ်ရေးကိုထိခိုက်ပြား

အောင် တမင်လုပ်နေတာပါပဲ။ ၂၀၀၅ တုန်းက အင်အား ငါးရာကျော် ပလောင်တပ်မတော်ကို  လက်နက်ချစေခဲ့ပြီး

ပြီပဲ ဘယ်မှာငြိမ်းချမ်းလဲ။ ပလောင်ဒေသမှာ အခြား လက်နက်ကိုင်အမျိုးမျိုးချယ်လှယ်ရှုပ်ထွေးလို့ စစ်ဘေး၊ မူးယစ်

ဘေးသင့်ခဲ့ရတယ်။ ဒါကြောင့် အရင် တပ်မတော်ထပ် အင်အားဆယ်ဆကျော်ကြီးထွားလာတဲ့တအာင်းတပ်မတော်

ပေါ်ပေါက်လာတာဖြစ်တယ်။ဒါကြောင့် မြန်မာ့စစ်ခေါင်းဆောင်တွေအဆက်ဆက်က လက်ကိုင်ထားတဲ့ငြိမ်းချမ်းရေး

မူကို ပြင်ပါ။ ဘယ်လိုမှ အလုပ်ဖြစ်လာမှာမဟုတ်ဘူး။ လူထုကချမှတ် သဘောတူမဲ့ ငြိမ်းချမ်းရေးမူကို လိုက်နာပါ။

 

၃။       အမြစ်ပြတ်ချေမှုန်းရေး လမ်းစဉ်ကိုစွန့်လွှတ်လိုက်ပါ။တိုင်းရင်းသားအဖွဲ့တွေကိုအမြစ်ပြတ်ချေမှုန်းဖို့ကြိုးပမ်း

အားထုတ်လာတာ ရာစုနှစ် ထက်ဝက်ကျော်လာပါပြီ။ ဘယ်တိုင်းရင်းသားအဖွဲ့မှ အမြစ်ပြတ်ပျောက်ကွယ်သွားတာ မရှိပါဘူး။ လုံးဝပျက်စီးပျောက်ကွယ်တာမျိုး အခုလည်းမရှိ  နောင်လည်းရှိမှာ   မဟုတ်ဘူး။ မြန်မာ့စစ်ခေါင်းဆောင်

တွေရဲ့ သွေးခွဲနည်းပရိယာယ် အမျိုးမျိုးနဲ့ စစ်ရေးဖိအား၊ နိုင်ငံရေးဖိအားကြောင့် အချို့အဖွဲ့တွေ ကွဲထွက် ပျက်ဆီး တာရှိနိုင်ပါတယ်။ အခိုက်အတန့် တခုမှာ ဖြစ်ပျက်တာရှိမှာပါပဲ။ အချိန်သင့် အခွင့်ကြုံရင်အဲဒီလူမျိုးရဲ့မျိုးဆက်သစ်

တွေက သူ့လူမျိုးအတွက် တပ်မတော် ကြိုးပမ်းဖွဲ့စည်းလာမှာဖြစ်တယ်။

 

မြန်မာ့စစ်ခေါင်းဆောင်တွေဟာ ကေအန်ယူ   ကရင့်တပ်မတော်ကို နည်းလမ်းပေါင်းစုံသုံးပြီး အချိန်ကာလ အကြာကြီး ဖြိုခွဲဖျက်ဆီးဖို့ အားထုတ်ခဲ့ပါတယ်။ အဲဒီဒဏ်ကို ကေအန်ယူ   အလူးအလဲခံရတယ်။ အဖွဲ့ကွဲအမျိုးမျိုး

ဖြစ်လာပြီး စစ်ပြန်တိုက်နိုင်ဖို့   တော်တော်   အခက်အခဲဖြစ်ရတယ်။  အဆိုးဆုံးကတော့   ကရင်လူမျိုးအချင်းချင်း တိုက်ပွဲပြန်ဖြစ်တာပါပဲ။ ဒါပေမဲ့ ကရင်တော်လှန်ရေး  ရေချိန်နိမ့်ကျတဲ့ကာလ၊ ရိုးသားလွန်းတဲ့ကရင်ခေါင်းဆောင်နဲ့ လူထုကြောင့် အခုလို ခါးစီးခံနေရတာဖြစ်ပါတယ်။

 

တနေ့နေ့  တချိန်ချိန်မှာ   စုစည်းညီညွတ်အားကောင်းတဲ့   ကရင့်တပ်မတော် တခု သေချာပြန်ရှိလာမှာပါ။ နိုင်ငံရေးဖိနှိပ်မှု၊ တိုင်းရင်းသားလူမျိုးတွေကို ခွဲခြားဖိနှိပ်မှု ရှိနေသရွေ့ တန်ပြန်ခုခံဖို့  တိုင်းရင်းသားတပ်မတော်တွေ ထပ်ထပ်ထွက်ပေါ်လာမှာဖြစ်တယ်။ ဒါကြောင့်  မြန်မာ့တပ်မတော်အနေနဲ့    ကိုယ့်နိုင်ငံထဲက  တိုင်းရင်းသားလူမျိုး

တွေကို အမြစ်ပြတ်ချေမှုန်းဖို့ နိုင်ငံတော်ရဲ့ဘဏ္ဌာ၊ လူသားအရင်းအမြစ်တွေကို မဖြုန်းတီးသင့်ပါဘူး။ တိုင်းရင်းသား

လူမျိုးတွေကို မြန်မာနိုင်ငံသားအဖြစ် သဘောထားတယ်ဆိုရင်  တိုင်းရင်းသားတွေကို အပြတ်ချေမှုန်းနေတဲ့ မြန်မာ့

တပ်မတော်ဟာ ပြည်ထောင်စုနိုင်ငံကို အမြစ်ပြတ်သတ်ဖြတ်နေတာ၊ပြည်ထောင်စုကိုလုပ်ကြံသတ်ဖြတ်နေတာဖြစ်

တယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို     မြန်မာ့တပ်မတော်   ဘယ်လိုမှ     အမြစ်ပြတ်ချေမှုန်းနိုင်မှာ

မဟုတ်ပါဘူး။

 

 

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မြန်မာအစိုးရ အနေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ရဲရဲဝံ့ဝံ့ လုပ်ပါ

 

၁။       တိုင်းရင်းသားအဖွဲ့တွေနဲ့ထိပ်တိုက်တွေ့ဆုံဆွေးနွေးပါ။တိုင်းပြည်လက်ရှိပြည်တွင်းစစ်မီးတကယ်ငြိမ်းသတ်

ပြီး ငြိမ်းချမ်းရေးတကယ်အမှန်တည်ဆောက်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် တယောက် လက်ရှိအာဏာရှိချိန်

မှာ တိုင်းရင်းသားအဖွဲ့အစည်းခေါင်းဆောင်တွေနဲ့    အမြန်ဆုံးပွင့်ပွင့်လင်းလင်း     တွေ့ဆုံဆွေးနွေးဖို့လိုပါတယ်။ လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့အဖွဲ့တွေ၊  စစ်ဘေးဒုက္ခသည်တွေကို    သတ္တိရှိရှိတွေ့လိုက်ပါ။ တိုက်ပွဲတွေတကယ်

ရပ်အောင် မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားအဖွဲ့တွေကြား ဝင်ရောက်ဖြန်ဖြေပါ။ အဖြေ သေချာပေါက်ရှိပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေမှာ ဒီတာဝန်အလုပ်ကို  ဒေါ်အောင်ဆန်းစုကြည်   တယောက်ပဲ လုပ်နိုင်ပါမယ်။

ထိုးစစ်အပြင်းထန်ခံနေရတဲ့ တိုင်းသားအဖွဲ့တွေနဲ့  မတွေ့တဲ့အပြင်လိုချင်တာလွယ်လွယ်ရမယ်ထင်လို့ လက်နက်

ကိုင်တယ်၊ တိုင်းရင်းသားတွေပြည်ထောင်စုစိတ်ဓါတ်ရှိသင့်တယ် စတဲ့ ကိုယ့်နိုင်ငံရေးဂုဏ်သိက္ခာကျစေမဲ့စကားမျိုး ရှောင်သင့်ပါတယ်။ အဲသလိုပြောလိုက်လို့လည်း   တိုင်းပြည်အတွက်   ဘာအကျိုးမှမရှိသလို ဒေါ်စုနဲ့NLDအတွက်

လည်း ဘာအကျိုးမှမရှိဘူးလို့ မြင်ပါတယ်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့  ဒေါ်အောင်ဆန်းစုကြည် ကို တိုင်းရင်းသားအဖွဲ့အများစုက မျှော်လင့်အား

ပေးခဲ့ပါတယ်။ တွေ့ဆုံတဲ့အချိန်မှာ သူဌေးကအလုပ်သမားကို တွေ့သလို ဘာတောင်းချင်လဲ ပေးဖို့အရင်စဉ်းစားပါ ဆိုတဲ့အချိုးက တိုင်းရင်းသားပြည်သူတွေရဲ့ ယုံကြည်မျှော်လင့်ချက်တန်ဖိုးကို ယုတ်လျော့စေပါတယ်။   ဒေါ်အောင်

ဆန်းစုကြည် အနေနဲ့ တိုက်ပွဲတွေရပ် ပြည်တွင်းစစ်ရပ်တန့်ဖို့ တိုင်းရင်းသားအဖွဲ့တွေကို ဘာပြောချင်လဲ။ ဘာလုပ်

စေချင်လဲ။ ဘာအစီအစဉ်တွေရှိလဲ။ ရင်းရင်းနှီးနှီး ပြောစေချင်ပါတယ်။ မေးစေချင်ပါတယ်။  တိုင်းရင်းသားတွေဖက်

ကလည်း   အကောင်းဆုံး  ပြန်လည်ပူးပေါင်းဆောင်ရွက်ဖို့   ဆန္ဒပြင်းပြနေတာပါ။    တိုင်းရင်းသားတွေလိုချင်တာ ပြည်ထောင်စုစစ်စစ်။ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ပါ။ ရှင်းရှင်းလေးပါပဲ။ ဒါတွေကိုဆွေးနွေး အဖြေ

ရှာရင် တိုင်းပြည်ငြိမ်းချမ်းမှာပါ။

 

လက်ရှိ လုပ်နိုင်ခွင့်တစုံတရာရှိနေချိန်မှာ လက်တွေ့ကျကျတွေ့ဆုံဆွေးနွေးတာမလုပ်ပဲ အခြားအစည်းဝေး

အခမ်းအနားတွေမှာ စကားနာတွေလျှောက်ပြောနေရင် ကျနော်တို့ ပိုဝေးသွားပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တိုင်းရင်းသားအဖွဲ့တွေကို သတ္တိရှိရှိတွေ့ဆုံပြီးပွင့်ပွင့်လင်းလင်းဆွေးနွေးအဖြေရှာပါ။အချိန်မီပါသေးတယ်။

ဒါပေမဲ့ကြာသွားရင်တော့   ဒီပုပ်ထဲက ဒီပဲပါပဲလို့   ယူဆသွားနိုင်ပြီး  တိုင်းပြည်အတွက် အခွင့်အလမ်းကောင်းတွေ လက်လွတ်ဆုံးရှုံးသွားရမှာ နှမျောလှပါတယ်။

 

၂။       တန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဆန္ဒရှိရှိလက်ခံဖော်ဆောင်ပါ။   မတူကွဲပြားတဲ့လူမျိုးစုပေါင်းစုံ နိုင်ငံမှာ လူမျိုးတိုင်း တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ကို ဘယ်လိုမှရှောင်လွဲလို့မရအောင် အသိအမှတ်ပြုဖော်ဆောင်ရမှာ

ပါ။ အဲသလို    အသိအမှတ်ပြုဖို့    လက်တွေ့အကောင်အထည်ဖော်ဖို့   အခြေအနေအမျိုးမျိုး   အကြောင်းပြချက်

အမျိုးမျိုး ပြပြီး လစ်လျူရှုဖယ်ကြဉ်နေရင်တော့ ဒီတိုင်းပြည်က ပြဿနာတွေအမြဲတက်ပြီး ကျဆုံးတိုင်းပြည် failed state ဖြစ်မှာပါပဲ။ ဒီနေ့ဒီမိုကရေစီခေတ်ကာလမှာ လူတဦးချင်းစီရဲ့ အခွင့်အရေးကို လေးစားအသိအမှတ်ပြုရသလို လူအစုအဖွဲ့ အုပ်စု လူမျိုးစု တွေရဲ့အခွင့်အရေးကိုလည်း ငြင်းပယ်လို့မရပါ။အသိအမှတ်ပြုရမယ်။ဖော်ဆောင်ပေးရ

မယ်။ ကာကွယ်ပေးရမယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရအနေနဲ့ မြန်မာ့နိုင်ငံရေးပြဿနာကို တကယ်ဖြေ

ရှင်းချင်တယ်ဆိုရင် ဒါကို သိရှိနားလည်လက်ခံဖို့လိုပါတယ်။တန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ကိုလက်ခံဖော်ဆောင်

လို့ မြန်မာ-ဗမာ  လူမျိုးတွေရဲ့   မွေးရာပါကိုယ်ပိုင်အခွင့်အရေး   ဘာမှမယုတ်လျော့သွားပါဘူး။ လူမျိုးပေါင်းစုံတွေ ဒီနိုင်ငံမှာ အားလုံး တန်းတူမျှတစွာ နေထိုင်နိုင်ဖို့လိုပါတယ်။ အဲသလိုနေထိုင်နိုင်ပါမှ အပြန်အလှန်နားလည်မှုတိုးပြီး စုစည်းညီညွတ်မှု ပိုရှိလာမယ်။ ပြည်ထောင်စုကို ပိုချစ်လာမှာပါ။

 

 

၃။       ပြည်ထောင်စုကို ဦးတည်တဲ့    ကိုယ်ပိုင်ငြိမ်းချမ်းရေးမူ  လုပ်ငန်းစဉ်ချမှတ်ဖော်ဆောင်ပါ။ ဒေါ်အောင်ဆန်း

စုကြည်နဲ့ NLD အစိုးရ မှာ တိကျတဲ့ ငြိမ်းချမ်းရေးမူ၊ နိုင်ငံပြုပြင်ပြောင်းလဲရေးမူ ရှိရပါမယ်။  အခုဟာက ဦးသိန်းစိန်

လက်ထက်ကတည်းက ရှေ့မတိုးနိုင်တော့တဲ့ လုပ်ငန်းစဉ်ကိုလူတချို့ပြောင်းလဲရုံလေးလုပ်ပြပြီးအရင်အတိုင်းဆက်

လုပ်နေရင်တော့ ဒီအစိုးရသက်တမ်းမက   တသက်တာလုံး  ဘာမှပြောင်းမှာမဟုတ်ပါဘူး။  ဦးသိန်းစိန်လက်ထက် ကောင်းတဲ့အချက်တွေယူ၊   မဖြစ်နိုင်တဲ့ဟာပယ်၊  တိုင်းရင်းသားတွေလိုက်ပါလက်ခံနိုင်မဲ့  လုပ်ငန်းစဉ်မျိုးရေးဆွဲပြီး ပြည်ထောင်စုကို  တကယ်ဦးတည်စေမဲ့ ငြိမ်းချမ်းရေးမူ   ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရ မှာ ရှိသင့်ပါတယ်။

အဲသလို မူ၊ လုပ်ငန်းစဉ်မျိုးရှိပြီး ချပြမှတိုင်းရင်းသားတွေဖက်ကဘယ်လိုလိုက်ပါရမယ်ဆိုတာရှင်းမယ်။မလိုက်ပါနိုင်

တဲ့အချက်ဆိုလည်း ညှိနှိုင်းဆွေးနွေးနိုင်ပါမယ်။

 

NCA စာချုပ်လက်မှတ်ထိုးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ)ဟာဖြစ်နေတဲ့တိုက်ပွဲတွေ

ကို မလျော့ချနိုင်ဘူး။ ပြဿနာဖြစ်ပွားနေတဲ့အဖွဲ့အစည်းတွေအကြားအပြန်အလှန်ယုံကြည်မှုလျော့ကျစေပါတယ်။

တိုင်းရင်းသားအဖွဲ့အစည်းတွေ မျှော်လင့်ပူးပေါင်းချင်နေတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရ ရဲ့ကိုယ်ပိုင်

ငြိမ်းချမ်းရေးမူ နဲ့ လုပ်ငန်းစဉ်ပါ။

 

 

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများစုစည်းမှု

 

၁။       အဖွဲ့အစည်းတွင်း/လူမျိုးအတွင်းညီညွတ်ရေးနှင့်တိုးတက်ရေးတိုင်းရင်းသားအဖွဲ့အစည်းအားလုံးတော်လှန်

ရေးသက်လုံ ကောင်းဖို့လိုပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းများရဲ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး ဒီသုံးခုဟန်ချက်

ညီ ကောင်းမွန်နေဖို့လိုပါတယ်။   ဒါတွေ မျှတကောင်းမွန်မှ အဖွဲ့အစည်းတွင်း/လူမျိုးတွင်း  ညီညွတ်ပြီး တိုးတက်မှု

ရှိမှာပါ။ လူထုကို အခြေခံတဲ့ နိုင်ငံရေးဦးဆောင်မှု အားကောင်းအောင် တည်ဆောက်ရပါမယ်။  မိမိလျှောက်လှမ်းမဲ့ နိုင်ငံရေး မူ လမ်းစဉ်၊ မဟာဗျူဟာ၊ နည်းဗျူဟာတွေကို မိမိလူထုဆီ ချပြအကြံဉာဏ်ရယူသင့်ပါတယ်။ ဒါမှလူထုက

ကိုယ့်အဖွဲ့အစည်းနိုင်ငံရေးကို သဘောပေါက်ပြီး ဘာလုပ်ရမယ် ဘယ်လိုထောက်ခံရမယ်ဆိုသာ ရှင်းမှာပါ။ လူထု

လည်းနိုင်ငံရေးနိုးကြားမှု ပိုရှိလာပါမယ်။   ကေအိုင်အိုနဲ့  ကချင်လူထုဟာ  တိုင်းရင်းသားအားလုံး အတွက်အတုယူ

စရာပါ။  တိုင်းရင်းသားတိုင်း   မိမိနယ်မြေဒေသကို ထိန်းချုပ်စီမံနိုင်ဖို့  နည်းပေါင်းစုံနဲ့လှုပ်ရှားသင့်ပါတယ်။ မိမိနယ်

မြေကို စစ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး သဏ္ဌာန်ပေါင်းစုံနဲ့ အုပ်ချုပ်စီမံ နိုင်အောင်ကြိုးပမ်းရပါမယ်။

 

မိမိနယ်မြေဒေသရှိ   သဘာဝသယံဇာတတွေကို  မှန်မှန်ကန်ကန်   ထိန်းချုပ်စီမံနိုင်ရမယ်။  တော်လှန်ရေး

အတွက် သုံးစွဲသင့်တာသုံးပြီး ရေရှည်ဖွံ့ဖြိုးရေးအတွက်  လုံခြုံအောင် ထိန်းသင့်တာထိန်းရပါမယ်။  လက်ရှိ မြန်မာ

စစ်ခေါင်းဆောင်တွေဟာ ခရိုနီ ခရိုနက်တွေနဲ့ပေါင်းပြီးတိုင်းရင်းသားဒေသထွက်သယံဇာတတွေကိုတော်တော်ဖြုန်း

တီးလိုက်တာကို မိမိတို့ ဟန့်တားနိုင်ရမယ်။ တိုင်းရင်းသားအဖွဲ့အစည်းတိုင်း စစ်ရေးကို အားကောင်း တောင့်တင်း

အောင်လုပ်ကြရမယ်။ လူငယ်တိုင်းကို   စစ်သင်တန်းပေးနိုင်ရင်  အကောင်းဆုံးဖြစ်ပြီး   စစ်ရေးသတိအမြဲရှိအောင်

လုပ်သင့်ပါတယ်။ ဒီကနေ့ခေတ်ကာလက ဆန္ဒရှိပြီး လုပ်ဖို့ဆုံးဖြတ်ချက်ခိုင်မာရင် စစ်ရေးအားကောင်းဖို့ နည်းလမ်း

တွေများပါတယ်။ တကယ်အလုပ်လုပ်ရင် မဟာမိတ်အချင်းချင်းလည်း ကူညီပူးပေါင်းတာ အားကောင်းလာပါပြီ။

 

သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးတိုင်း  ကချင်လို နိုင်ငံရေးအားကောင်း၊  မိုင်းလားလို စီးပွားတောင့်တင်းပြီး “ဝ” လို စစ်ရေးခိုင်မာကြမယ်ဆိုရင် လူမျိုးအတွင်း  အဖွဲ့အစည်းတွင်း  ညီညွတ်တိုးတက်မှာ ဧကန်မုချပါ။ မိမိအဖွဲ့

အစည်းတွင်း   စည်းလုံးမှုကို ရန်သူက  နည်းပရိယာယ်အမျိုးမျိုးသုံးပြီး   ခွဲဖို့လုပ်တာက  ရန်သူအလုပ်ဖြစ်ပါတယ်။ မိမိအဖွဲ့စည်းတွင်း ကြိုတင်ကာထား ရှောင်ထားရပါမယ်။ ဆိုးရွားတာက  မိမိအချင်းချင်းကြား အမှားတွေ၊ ပွင့်လင်း

မြင်သာမှုအားနည်းတဲ့လုပ်ရပ်တွေကြောင့်   အချို့အဖွဲ့တွေဟာ   အဖွဲ့စည်းညီညွတ်ရေး   ပျက်ပြားအောင် ရန်သူ

အကြိုက်လုပ်မိတတ်ပါတယ်    သတိထားစရာပါ။       လူမျိုးတိုင်း  အဖွဲ့စည်းတိုင်း    ညီညွတ်ပြီးတိုးတက်မှသာ  တိုင်းရင်းသားတပ်ပေါင်းစု အားကောင်းမှာဖြစ်ပါတယ်။ အဲသလိုအားကောင်းမှသာ မိမိတို့နိုင်ငံရေး တော်လှန်ရေး

ပန်းတိုင်ကိုရောက်ရှိနိုင်မှာပါ။

 

၂။       လူမျိုးစုအချင်းချင်း   ညီညွတ်မှုမှ   ဘုံနိုင်ငံရေးရည်မှန်းချက်   စုစည်းဖော်ဆောင်ရန်  တိုင်းရင်းသားလူမျိုး

အချင်းချင်းကြား နိုင်ငံရေးစုစည်းညီညွတ်မှုက အင်မတန်အရေးကြီးပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေရဲ့စစ်ရေး၊

နိုင်ငံရေး ပရိယာယ် နဲ့ ကောက်ကျစ်ထိုးနှက်မှုကို  လူမျိုးတခု အဖွဲ့အစည်းတခုတည်း ခုခံဖို့ တောင့်ခံဖို့ မလွယ်ကူ

ပါ။ အားလုံး စုစည်းညီညွတ်မှ ဖြစ်မှာပါ။ အခြေအနေအမျိုးမျိုးကြောင့် မြန်မာစစ်ခေါင်းဆောင်တွေရဲ့ကစားကွက်ထဲ

ဝင်ပါကစားကြရတာ မှန်ပေမဲ့ မြန်မာ့တပ်မတော်သဘောထားဟာ ဘယ်တော့မှတိုင်းရင်းသားတွေရဲ့နိုင်ငံရေးတန်း

တူမှုကို လက်ခံမှာမဟုတ်ဘူး။ဘယ်လိုပဲ ဆွေးနွေးပါစေ၊ ဘယ်လိုစာချုပ်မျိုးတွေချုပ်ဆိုပါစေမြန်မာ့စစ်ခေါင်းဆောင်

တွေဟာ သဘောတူချက်တွေ စာချုပ်တွေ ဖောက်ဖျက်ဖို့ ဝန်လေးတဲ့သူတွေ မဟုတ်ပါဘူး။

 

မိမိတို့ တိုင်းရင်းသားတွေဟာလည်း  တန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ ပြည်ထောင်စုမဟုတ်

လာသေးသရွေ့ ဆက်တိုက်ပွဲဝင်နေရမှာပါပဲ။    မိမိတို့လက်ထက် မအောင်မြင်ရင်နောက်တက်လာမဲ့မျိုးဆက်သစ်

တွေထိ   ဆင်းရဲဒုက္ခခံ   တိုက်ပွဲဝင်နေရမှာပါ။   ဒီတော့   တိုင်းရင်းသားအချင်းချင်း စုစည်းညီညွတ်ပြီး ဘုံနိုင်ငံရေး

ရပ်တည်ချက်ကို စုပေါင်းအကောင်ထည်ဖော်သင့်ပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေ ချပေးတဲ့ ဒီမိုကရေစီနဲ့တိုင်း

ရင်းသားအခွင့်အရေး   ပြည်ထောင်စုဟာ ဘယ်လိုမှ   မစစ်မှန်နိုင်ပါဘူး။  ကျနော်တို့  မျှော်မှန်းရချင်တဲ့ ဖက်ဒရယ်

ပြည်ထောင်စုနဲ့ ဒီမိုကရေစီကို မြန်မာစစ်ခေါင်းဆောင်တွေ အလိုက်တသိနဲ့ လုပ်ပေးမှာမဟုတ်ဘူး။   တိုင်းရင်းသား

ပြည်သူလူထုတွေအားလုံးရဲ့ စုစည်းညီညွတ်မှုနဲ့ နိုင်ငံရေး၊ စစ်ရေး ဟန်ချက်ညီညီ ဝိုင်းဝန်းလုပ်ဆောင်ဖို့လိုပါတယ်။

 

 

နိဂုံး

 

ပိတ်ဆို့နေတဲ့နိုင်ငံရေးတွေ့ဆုံမှုကို ကျော်လွှားပြီး တကယ့်ပြည်ထောင်စုနိုင်ငံဆီ ဦးတည်ပြောင်းလဲချင်တယ်ဆိုရင် ဖြင့် —

 

မြန်မာ့တပ်မတော်     သဘောထားပြောင်းလဲဖို့လိုပါတယ်။   တိုင်းရင်းသားပြည်သူလူထုကို   မျက်နှာမူတဲ့ ရပ်တည်ချက်ဆီ ရဲရဲကြီးပြောင်းဖို့လိုပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရ ဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲ

မှုကို သတ္တိရှိရှိလုပ်ဖို့လိုပါတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေ စုစည်းညီညွတ်ပြီး ဘုံနိုင်ငံရေးကိုဖော်ဆောင်နိုင်ရ

ပါမယ်။

ဒီအဓိကမဏ္ဍိုင်သုံးရပ်  tri-state holders  တကယ်အဲသလို  ပြုပြင်ပြောင်းလဲပြီး   တွေ့ဆုံနိုင်မှသာ ပြည်

ထောင်စုအဖြေကောင်းရလာမှာပါ။ ကိုယ်စားလှယ်   ရာထောင်ချီအယောင်ပြတက်တဲ့ ညီလာခံကြီး နှစ်ရှည်လုပ်ပြီး ဟိုစာဖတ်သူ စစ်ခေါင်းဆောင်ဘဘကြီး ကြိုးဆွဲသလိုသာလုပ်နေရင် အချိန်တွေသာထပ်ကုန်နေအုံးမှာပါ။ အဲဒီအုပ်

စု သုံးခုဖြစ်တဲ့ မြန်မာ့တပ်မတော်၊ NLD အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတို့ကို ကိုယ်စားပြုပြီး ဆုံးဖြတ်ချက်ပေး

နိုင်မဲ့ ပုဂ္ဂိုလ်ခေါင်းဆောင်တွေ အရေအတွက်နဲနဲနဲ့ပဲ တွေ့ဆုံဆွေးနွေးပြီး တိုင်းရင်းသားပြည်ထောင်စု ကို ဘယ်လို

ဘယ်ပုံ တည်ဆောက်မလဲဆိုတဲ့ အခြေခံသဘောတူညီမှုတွေ ရရှိအောင်ကြိုးပမ်းသင့်ပါတယ်။

 

ရရှိလာတဲ့ အဲဒီ ပြည်ထောင်စုအခြေခံသဘောထားကို    လူထုဆီချပြရှင်းလင်းပြီး  နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဆက်တိုက်လုပ်ဆောင်သင့်ပါတယ်လို့ သုံးသပ်တင်ပြလိုက်ပါတယ်။

 

PSLF / TNLA

အထွေထွေအတွင်းရေးမှူး

ဗိုလ်မှူးချုပ် တားဘုန်းကျော်

tealand@gmail.com

2017/03/05, 00:05

PDF ဖိုင်းအား Download ရယူလို့ပါက ဤနေရာတွင် တာဘုန်းကျော် ရယူနိုင်ပါသည်။