ပန်ဆေးပြည်သူ့စစ်အဖွဲ့မှ တအာင်းပြည်သူများ နမ့်ဖတ်ကာနှင့် နမ်းခမ်းလမ်း ဖြတ်သန်းခွင့် ပိတ်ပင်

၁၉ ရက် ဧပြီလ ၂၀၁၅ ခု

တအာင်းတပ်မတော်မှ လွန်ခဲ့သည့် ၁၇ ရက်နေ့တွင် နမ့်ဖတ်ကာ- နမ်းခမ်းတောင်ပေါ်ကားလမ်းရှိ ၁၂ မိုင် ပြည်သူ့စစ်စခန်းအား ၀င်ရောက်တိုက်ခိုက်ပြီး သိန်း(၃၅၀)ကျော် တန်းဖိုးရှိသည့် မူးယစ်ဆေးဝါးနှင့် လက်နက်ငယ်များ သိမ်းဆည်းခဲ့ပြီးနောက် ပြည်ခိုင်ဖြိုးလွှတ်တော်အမတ် ဦးကျော်မြင့် ဦးဆောင်သည့် ပန်ဆေး ပြည်သူ့စစ်မှ ဒေသခံတအာင်းပြည်သူများအား အဆိုပါလမ်းကို ယနေ့မှစပြီး ဖြတ်သန်းခွင့် မပေးတော့ ကြောင်းသိရသည်။

အဆိုပါလမ်းသည် ကွတ်ခိုင် နမ့်ဖတ်ကာလမ်းခွဲမှ တအာင်းတောင်ပေါ်ရွာများဖြစ်ကြသည့် ဖဒဲန်၊ မာန်အောင်၊ ဆာလု၊ လွယ်လောမ့်၊ နမ့်ဆရီးကျေးရွာ အုပ်စုသို့ ဆက်သွယ်ထားသော
လမ်းကြောင်းဖြစ်သည်။

၁၂ မိုင်ရွာရှိ ၁၂ မိုင်ဈေးသည် ဘိန်းဖြူ ဘိန်းမဲ ယာဘ အိုက်စ်စသည့် မူးယစ်ဆေးဝါးမျိုးစုံ ဖောဖောသီသီ လွပ်လပ်စွာ ၀ယ်ယူသုံးစွဲနိုင်သည့် ပန်ဆေးပြည်သူ့စစ်မှ ထိန်းချုပ်ထားသည့် ခိုလှုံလီရှောရွာဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA