ထိုးစစ်ဆင်လာသည့် မြန်မာ့တပ်တော်နှင့် တအန်းတပ်မတော်တို့ ယနေ့ တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွား

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်

တအန်းပြည်နယ်၊ တပ်မဟာ (၁) နယ်မြေ၊ ကွတ်ခိုင်မြို့နယ် တာခိုင်ချောင်းအနီးတွင် ယနေ့ နံနက်ပိုင်း (၁၁း၂၀)နာရီမှ (၁၁း၄၀)နာရီထိ တစ်ကြိမ် နမ္မတူမြို့နယ်၊ နားပိန်ကျေးရွာအနီးတွင် မွန်းလွှဲပိုင်း (၁၂း၅၅) နာရ်ီမှ (၁၃း၁၄) နာရီထိ တစ်ကြိမ် တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်ရင်း ၁၀၁ နှင့် မြန်မာ့တပ်မတော် တပ်မ ၇၇ လက်အောက်ခံ ခမရ ၃၂၄ တို့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်ဘက်မှ ၄ ဦး ကျဆုံးခဲ့သည်။
မိမိတို့ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် လှုပ်ရှားရာ နယ်မြေများတွင် ယခု ဖေဖော်ဝါရီလအတွင်း မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်မှု ပိုမိုပြုလုပ်လျက်ရှိပြီး ကွတ်ခိုင်မြို့နယ် ငေါ့ငါကျေးရွာနှင့် ဖာဖိုင်ကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် မြန်မာတပ်မတော်မှ ကျေးရွာ ပြည်သူများအား ခြိမ်ခြောက်မှု ရှိခဲ့၍ ရွာသားများက မိုင်ယုလေးကျေးရွာ တွင် ထွက်ပြေးခိုလှုံနေရလျက်ရှိသည်။

PSLF/TNLA
သတင်းနှင့် ပြန်ကြားရေးဌာန