ထိုးစစ်ဆင်လာသည့် မြန်မာ့တပ်မတော်နှင့် တအန်းတပ်မတော်တိုက်ပွဲဖြစ်ပွား မြန်မာ့တပ်မတော် ၂ ဦးထက်မနဲ ကျဆုံး

ထိုးစစ်ဆင်လာသည့် မြန်မာ့တပ်မတော်နှင့် တအန်းတပ်မတော်တိုက်ပွဲဖြစ်ပွား မြန်မာ့တပ်မတော် ၂ ဦးထက်မနဲ ကျဆုံး

၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၀ ရက်

 

တအန်းပြည်နယ် တပ်မဟာ ၅ နယ်မြေ ကွတ်ခိုင်မြို့နယ် ခိုမုန်းရွာအရှေ့ဖက် လွယ်မောက်တောင်ကြော ပေါ်တွင် ယနေ့ နံနက် ၀၈း၄၀ နာရီမှ ၁၁း၄၀ နာရီအထိ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း ၇၇၇ နှင့် မြန်မာ့တပ်မတော် တပ်မ ၁၁ တို့  အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

 

မြန်မာ့တပ်မတော်သည် တအန်းတပ်မတော် တည်ရှိသည့် လွယ်မောက်တောင်ပေါ်တွင် အင်အား ၂၀၀ ကျော် စစ်မျက်နှာ ၄ ဖက် ဖြင့် ထိုးစစ်ဆင် တက်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲ ဖြစ်ပွားရခြင်းဖြစ်သည်။

 

တိုက်ပွဲတွင် မြန်မာ့တပ်မတော်ဖက် ၂ ဦးထက်မနဲ ကျဆုံးသည်။

 

သတင်းနှင့်ပြန်ကြားရေးဌာ

PSLF/TNLA