တာမိုးညဲတွင် TNLA, KIA, MNDAA တိုင်းရင်းသားပူးပေါင်းတပ်တို့နှင့် မြန်မာစစ်တပ် တိုက်ပွဲပြင်းထန်

ဒီဇင်ဘာလ ၁၀ ရက် ၂၀၁၄ ခု

တာမိုးညဲမြို့နယ်၊ ဆိုင်းခေါင်နှင့် ဟိုပုံကျေးရွာအကြား အမှတ်(၄) ဗျူ ဟာ နယ်မြေတွင် နံနက် ၀၅း၀၀နာရီမှ  စပြီးယခု သတင်းရေးသားသည့် နေ့လည်ပိုင်း ၁၅း၃၀ အချိန်ထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။

တိုက်ပွဲတွင် တအာင်းတပ်မတော် အမှတ်(၄)ဗျူဟာ ကွပ်ကဲမှုအောက်ရှိ တအာင်းတပ်မတော်တပ်ရင်း (၉၁၉) ဖြစ်ပြီး မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်သည့် KIA နှင့် MNDAA တပ်ဖွဲ့တို့လည်းပါဝင်သည်။

တိုက်ပွဲအတွင်းထိခိုက်မှု မသိရသေးပါ၊ ဆက်လက်ပြီး သတင်းနောက်ဆက်တွဲ တင်ပြသွားပါမည်။

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA

တိုက်ပွဲ Update သတင်း ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်

တအာင်းဒေသ၊ ဒီဇင်ဘာလ ၁၀ရက်နေ့၌ ဖြစ်ပွားသော တာမိုးညဲမြို့နယ်ခွဲ ဆိုက်ခေါင်ကျေးရွာ နှင့် ဟိုပုံကျေးရွာအကြား တိုက်ပွဲ မြန်မာတပ် မတော်ဖက်မှတပ်ခွဲမှူးအဆင့် (၁) ဦးအပါအ၀င် ၁၂ ဦးကျဆုံး၍ ဒုစစ်ကြောင်းမှူး (၁)ဦး အပါအ၀င် ၂၀ ဦးဒဏ်ရာရရှိသည်။
မန်တုံမြို့နယ် နမ့်ပါကျိုင်း ကျေးရွာအနီး တိုက်ပွဲတွင် မြန်မာ့တပ်မတော်ဖက်မှ (၉) ဦးကျဆုံး၍ (၃) ဦး ဒဏ်ရာရရှိသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA